27 C
Yangon

KNU အနေဖြင့် ဂနာမငြိမ်မင်းအောင်လှိုင်နှင့် ဆွေးနွေးရန် အစီအစဉ် မရှိ၊ နိုင်ငံရေး ဆွေးနွေးရန် မထိုက်တန် သော မင်းအောင်လှိုင်နှင့် ဆွေးနွေးလျှင် မိုက်လုံးကြီးသူဟု KNU ဗဟို အလုပ်အမှုဆောင် ပဒိုစောတောနီး ပြောဆို

Must read

By ရန်ကုန်ခေတ်သစ်

အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် နိုင်ငံရေး ဆွေးနွေးရန် ထိုက် တန်သူမဟုတ်ဘဲ ဂနာမငြိမ်ဖြင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် ဒုတိယ အကြိမ် ဖိတ်ခေါ်မှုကိုလည်း ဆွေးနွေးစရာ လုံး၀ အကြောင်းမရှိကြောင်း ကရင် အမျိုးသားအစည်းအရုံး(KNU) ဗဟိုအလုပ်အမှုဆောင် ပဒိုစောတောနီးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ရန်ကုန်ခေတ်သစ်သတင်းဌာနနှင့် သီးသန့်ဆက်သွယ်မေးမြန်းမှုတွင် ၎င်းက အထက်ပါအတိုင်းပြောဆိုလိုက်ခြင်းဖြစ်သည်။

အကြမ်းဖက် မင်းအောင်လှိုင်က ဧပြီလ ၂၂ ရက်နေ့တွင် ငြိမ်းချမ်းရေး ဆွေး နွေးရန် ပထမ အကြိမ်၊ ဇွန်လ ၁၄ ရက်နေ့တွင် ဒုတိယအကြိမ်အဖြစ် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့ ERO များကို ဖိတ်ခေါ်မှုများ လုပ်လာ ခြင်းဖြစ်သည်။

“မင်းအောင်လှိုင်က ပြီးခဲ့တဲ့အဖွဲ့တွေနဲ့ တွေ့ခဲ့တဲ့အပေါ်မှာ သူဘယ်လိုမှ စိတ် ကျေနပ် မှုမရခဲ့ဘူးဆိုတာ၊ ဘာမှ အလုပ်မဖြစ်ဘူးဆိုတာ ကျနော်တို့ ကောင်း ကောင်း သိတယ်ပေါ့လေ။ အဲဒါကြောင့်မို့ အဲဒီအနေအထား ဖြစ်သွား တာပါ။ မင်းအောင်လှိုင်အနေနဲ့ ဘယ်လိုမှ ဂနာမငြိမ်နိုင်တဲ့အနေအထားပါ။ ကျနော်တို့ တွေ့လို့မရဘူးဆိုတာ ရှင်းရှင်းလင်းလင်းဖော်ပြပြီးသားလေ။ အဲဒါကို သူသိသိ ကြီး နဲ့ ထပ်ခါ ထပ်ခါလုပ်တယ်ဆိုကတည်းက သူ နေမထိ ထိုင်မသာလို ဖြစ်နေ ပြီ ဆိုတာ ပြောလို့ရပါတယ်။ ကျနော်တို့ ရပ်တည်ချက်က ရှင်းရှင်းလေးပဲလေ။ သူတို့နဲ့ ဘယ်လိုမှ တွေ့စရာအကြောင်းမရှိတော့ဘူး။ တရားဝင်တဲ့ အဖွဲ့ အစည်း နဲ့တွေ့မှ တရားဝင်တဲ့ ဆွေးနွေးပွဲက ပေါ်လာမှာလေ” ဟု ပဒိုစောတောနီးက ဆိုသည်။

စစ်တပ်သည် နိုင်ငံရေးမှ ထွက်ခွာရမည်ဖြစ်ပြီး ထိုသို့ ကတိပြုမှုမရှိဘဲ မင်း အောင် လှိုင် ၏ ဖိတ်ခေါ်မှုကို သွားရောက် ဆွေးနွေးသူသည် မိုက်လုံးကြီးသော သူ သာဖြစ်သည်ဟု ပဒိုစောတောနီးက ဆက်လက်ပြောဆိုသည်။

“စစ်တပ်က နိုင်ငံရေးက စွန့်ခွာရမယ်။ နိုင်ငံရေးက စွန့်ခွာပြီးတော့ ဖက်ဒရယ် ဒီမိုကရေစီကို တကယ်ကို ရှေးရှုမယ့် တိုင်းသစ်ပြည်သစ်တစ်ခု တည်ဆောက် ဖို့လိုအပ်တယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေသစ်ကိုတော့ လုံး၀ကို လက်ခံရမယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့နဲ့ အခုသွားစကားပြောရင် ၂၀၀၈ ဥပဒေမှာ တဝဲဝဲ လည်ဖြစ်ပြီးတော့ သူတို့နိုင်ငံရေးမှာ ဆက်ပါနေမှာဆိုတာက ကျနော်တို့ ဘယ် လို မှ လက်ခံလို့မရတဲ့အနေအထား တစ်ခုရှိသွားပြီ။ အဲဒါကို ရှင်းရှင်း လင်း လင်း လုပ်ရမယ်။ အသွင်ကူးပြောင်းမှု တရားမျှတမှုကို သူတို့ ရင်ဆိုင်ရမယ်။ နောက်ဆုံးအချက်ကတော့ နိုင်ငံရေးအရထွက်ပြီးတော့ ဆွေးနွေးပွဲ တွေဖြစ် လာသည့်တိုင်အောင် ဒီဆွေးနွေးပွဲမှာ နိုင်ငံတကာ စောင့်ကြည့်မှုက လုံး၀ ပါဝင်ရမယ်။ မပါလို့ကို မရဘူး။ ပြီးခဲ့တဲ့ အတွေ့အကြုံက အများကြီး သင်ခန်း စာပေးပြီးပြီ။ ဒါတွေကို မယူတတ်ဘဲ နဲ့ ဒီအတိုင်း သူတို့ခေါ်သလို သွားနေ မယ်ဆိုရင် ကျနော်တို့ မိုက်လုံးကြီးတဲ့လူ မရှိတော့ဘူး။ ခုဒီကာလမှ ဘယ်လိုမှ ဆွေးနွေး လို့မရဘူးဗျ။ နိုင်ငံရေးဆွေးနွေးပွဲ၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ ပတ် သက် တာတွေက သူတို့နဲ့ လုံး၀ မထိုက်တန်ဘူး ဆွေးနွေးစရာမရှိဘူး ” ဟု ၎င်း က ဆက်လက် ပြောဆိုသည်။

အကြမ်းဖက် မင်းအောင်လှိုင်၏ ပထမအကြိမ် ဖိတ်ခေါ်မှုကို တိုင်းရင်းသား လက်နက်ကိုင် ၁၀ ဖွဲ့က လက်ခံခဲ့ပြီး ၆ ဖွဲ့က မင်းအောင်လှိုင်နှင့် သွားရောက် တွေ့ဆုံပြီးပြီဖြစ်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article