30 C
Yangon

စစ်ကောင်စီက Non-CDM ဝန်ထမ်းများကို နိုင်ငံခြားပညာသင်စေလွှတ်မှု တင်းကျပ်ကန့်သတ်အမိန့်ထုတ်လိုက်ပြီး မြန်မာနိုင်ငံတွင် သင်ကြားနိုင်သော ဘာသာရပ်များအတွက် ပြည်ပသို့ မလွှတ်ရန် ညွှန်ကြား

Must read

ရန်ကုန်၊ ဇွန် ၁၈

အကြမ်းဖက်စစ်ကောင်စီက Non-CDM ဝန်ထမ်းများကို နိုင်ငံခြားသို့ ပညာသင်စေလွှတ်မှုများအား တင်းကျပ်ကန့်သတ်ရန် အမိန့်ထုတ်လိုက်ပြီး မြန်မာနိုင်ငံတွင် သင်ကြားနိုင်သော ဘာသာရပ်များအတွက် ပြည်ပသို့သွားရောက်မှုများ စိစစ်ရန် ညွှန်ကြားလာကြောင်း ဝန်ထမ်းအသိုင်းအ၀ိုင်းနှင့် စစ်ကောင်စီ၏ ထုတ်ပြန်လာသော အမိန့်အရ သိရှိရသည်။

အကြမ်းဖက်စစ်ကောင်စီက ၂၀၂၅ ခုနှစ် မတ်လ ၂၆ ရက်နေ့တွင် နိုင်ငံခြားပညာတော်သင် စိစစ်ရွေးချယ်စေလွှတ်ရေးကော်မတီ၏ လုပ်ငန်းတာဝန်၊ လုပ်ပိုင်ခွင့်များ ပြင်ဆင်ထုတ်ပြန်ခြင်း အမိန့် တစ်ခုကို ထုတ်ပြန်ခဲ့ပြီး ယင်းအမိန့်တွင် Non-CDM ဝန်ထမ်းများကို ပြည်ပသို့ စေလွှတ်မှုများနှင့်ပတ်သက်ပြီး တင်းတင်းကျပ်ကျပ် ကန့်သတ် လာခြင်းဖြစ်သည်။

စစ်ကောင်စီ လက်အောက်ခံ ဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းအသီးသီးတွင် Non-CDM ဝန်ထမ်းများကို တိုက်ရိုက် ပြည်ပသို့ ပညာတော်သင်စေလွှတ်ခွင့်မရှိဘဲ နိုင်ငံခြားပညာတော်သင် စိစစ်ရွေးချယ်စေလွှတ်ရေးကော်မတီက ခွဲဝေပေးသည့် ပညာသင်ဆုများဖြင့်သာ နိုင်ငံခြားပညာသင်စေလွှတ်ရမည်ဖြစ်ကြောင်း သိရှိရသည်။

Non-CDM ဝန်ထမ်းများကို ပြည်ပသို့ ပညာတော်စေလွှတ်ရာတွင် စစ်ကောင်စီက စရိတ် ကျခံစေလွှတ်ရမည်ဆိုပါက ဘဏ္ဍာရေးဝန်ကြီးဌာန၏ အသုံးစရိတ် စိစစ်ချက်ရရှိပြီးမှသာ ကော်မတီက ပညာသင်စေလွှတ်ရမည်ဖြစ်ကြောင်း၊ ပညာသင်စေလွှတ်ရာတွင် စေလွှတ်မည့် Non-CDM ဝန်ထမ်းများသည် ဝန်ကြီးဌာနက ချမှတ်ထား​သော စည်းကမ်း၊ မူဝါဒ၊ လမ်းညွှန်ချက်များနှင့် ကိုက်ညီသူဖြစ်ရမည်ဖြစ်ပြီး ကိုက်ညီမှု ရှိ၊ မရှိကိုလည်း စိစစ်ရမည်ဖြစ်ကြောင်း၊ ထို့ပြင် ပညာသင်စေလွှတ်မှုများကိုလည်း လစဉ် တစ်လ တစ်ကြိမ် စစ်ကောင်စီထံသို့ အစီရင်ခံ တင်ပြရမည်ဖြစ်ကြောင်း သိရှိရသည်။

စစ်ကောင်စီလက်အောက်ခံ စစ်တပ်မှ စစ်မှုထမ်းများကို ပြည်ပသို့ စေလွှတ်မည်ဆိုပါက ကာကွယ်ရေးဝန်ကြီး ဌာန၏ သဘောတူညီချက် ရရှိမှသာ ပြည်ပသို့ စေလွှတ်ရေးကိစ္စကို ဆက်လက်ဆောင်ရွက်ရမည်ဖြစ်ကြောင်း တင်းကျပ်ထားသည်။

အထူးသဖြင့် ပညာတော်သင်စေလွှတ်ရာတွင် နိုင်ငံခြားတိုင်းပြည်များက ရွေးချယ် စိစစ်ရွေးချယ် အဆိုပြုလာသည့် ပုဂ္ဂိုလ်ကို စေလွှတ်ရန် အဆိုပြုလာခြင်းကို ခွင့်မပြုရန် စိစစ်ဆောင်ရွက်မည်ဖြစ်ကြောင်း၊ Non-CDM ဝန်ထမ်းများအနေဖြင့် ဝန်ကြီးဌာန၏ ကြိုတင်ခွင့်ပြုချက်မရှိဘဲ ပညာသင်ဆု လျှောက်ထားခွင့်မရှိကြောင်း သိရှိရသည်။

မြန်မာနိုင်ငံရှိ ပညာရေးဌာနများက သင်ကြားပေးနိုင်သော ဘာသာရပ်များအတွက် သက်ဆိုင်ရာ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများနှင့် ဝန်ကြီးဌာနများက အထူးလိုအပ်သော ထောက်ခံချက်ပါရှိသည့် မဟာဘွဲ့သင်တန်း တက်ရောက်ခွင့်များကို စိစစ်ခွင့်ပြုရန် စစ်ကောင်စီက ညွှန်ကြားလာကြောင်း သိရှိရသည်။

“ဒီနိုင်ငံမှာ သင်လို့ရတဲ့ ဘာသာရပ်ဆိုရင် ဝန်ကြီးဌာနက အထူးလိုအပ်ကြောင်း ထောက်ခံချက် မတင်ပြနိုင်ရင် ပြည်ပကို စေလွှတ် ပညာသင်ခွင့်မပေးတော့ဘူး။ အဲဒီစည်းမျဉ်းကြောင့် ပညာသင်ဆု တော်တော်များများ ကန့်သတ်ခံနေရတယ်။ ဒီမှာက သင်လို့ရတယ်ဆိုတာက ခေါင်းစဉ်ပဲရှိတာ။ ထဲထဲဝင်ဝင်ကြတော့ အဲဒီလောက်ကြီး မလုပ်နိုင်တဲ့ ဘာသာရပ်တွေများပါတယ်” ဟု နေပြည်တော်၊ ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေးအဖွဲ့မှ အရာရှိတစ်ဦးက သုံးသပ်ပြောဆိုသည်။

ပြည်ပတွင် ပညာသင် ရောက်ရှိနေသော Non-CDM ဝန်ထမ်းများအနေဖြင့် မဟာဘွဲ့နှင့် ပါရဂူဘွဲ့များအတွက် ပညာသင်ကာလတိုးမြှင့်လိုပါက တစ်ကြိမ်လျှင် အများဆုံး ၆ လဖြင့် စုစုပေါင်း အများဆုံး ၁ နှစ်သာ တိုးမြှင့်ခွင့်ပေးရမည်ဟု စစ်ကောင်စီက အမိန့် ကန့်သတ်ချက် ထုတ်ပြန်သည်။

ဓာတ်ပုံ – စစ်ကောင်စီက ပြုလုပ်သော ၇၅ နှစ်ပြည့် စိန်ရတု ပြည်ထောင်စုနေ့ အခမ်းအနားတက်နေသည့် Non-CDM ဝန်ထမ်းများ။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

စစ်ကောင်စီက ပြုလုပ်သော ၇၅ နှစ်ပြည့် စိန်ရတု ပြည်ထောင်စုနေ့ အခမ်းအနားတက်နေသည့် Non-CDM ဝန်ထမ်းများ။
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article