30 C
Yangon

ကမ္မမြို့ရှိ ကျေးရွာများကို စစ်တပ်က လေယာဉ်ဖြင့် ၁၃ ရက် ဆက်တိုက် ဗုံးကျဲမှု ပြည်သူ ၅ ဦးသေဆုံး

Must read

ရန်ကုန်၊ ဇွန် ၁၈

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကမ္မမြို့ရှိ ကျေးရွာများသို့ စစ်တပ်က လေယာဉ်ဖြင့် ၁၃ ရက် ဆက်တိုက် ဗုံးကျဲ ခြင်းနှင့် စစ်ကြောင်းထိုးနေခြင်းတို့ကြောင့် ပြည်သူ ၅ ဦးသေဆုံးကာ ၁၄ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း ကမ္မဒေသတော်လှန်ရေးတပ်ပေါင်းစုမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ဇွန်လ ၁၄ ရက်နေ့ မွန်းလွဲပိုင်း ကမ္မဒေသရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာ ၄ စီးဖြင့် Cluster ဗုံးသီး ၃ လုံး ၊ Rocket ၁၀ လုံး တပြိုင်တည်း ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း ၊ အလားတူ ဇွန်လ ၁၆ ရက်နေ့ ညပိုင်းတွင်လည်း အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာဖြင့် ပေါင် ၅၀၀ ဗုံး ၂ လုံးဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ ကမ္မဒေသရှိ စစ်ဘေးရှောင် ပြည်သူများ နေထိုင်သော ဘုန်းကြီးကျောင်းကို ကျရောက် ပေါက်ကွဲခဲ့ကြောင်း သိရှိရသည်။

အဆိုပါ လေကြောင်း တိုက်ခိုက်မှုအတွင်း ပြည်သူ ၂ ဦး သေဆုံးပြီး ကလေးသူငယ်များ အပါအဝင် ပြည်သူ ၁၄ ဦး ပြင်းထန် ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့ပြင် စေတီ ၊ နေအိမ်များလည်း ပျက်စီးခဲ့ကြောင်း သိရသည်။

ထို့ပြင် ကမ္မမြို့ အတွင်းရှိကျေးရွာများကို စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများကလည်း ရွှေလှံရွာ၊ ရိုးဇရပ်ရွာနှင့် ကမ္မချောင်းရွာတို့မှ ပြည်သူ ၁၅ ဦးကျော်ကို ဖမ်းဆီး ခေါ်ဆောင်ထားပြီး ပြည်သူ ၃ ဦးကို ဖမ်ဆီး သတ်ဖြတ်ခဲ့ကြောင်း သိရှိရသည်။

“စစ်ခွေး စစ်ကြောင်းက ကမ္မမြို့ပေါ်မှာ ရှိနေတုန်းပါပဲ အရပ်သားပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေ လေ ကြောင်း ဗုံးကျဲတိုက်ခိုက်တာတွေ လုပ်ဆောင်နေတဲ့ အတွက် ပြည်သူတွေ အနေနဲ့ သတိပြု နေထိုင်ကြဖို့ မေတ္တာရပ်ခံချင်ပါတယ်” ဟု ကမ္မဒေသတော်လှန်ရေးတပ်ပေါင်းစုမှ တာဝန်ရှိသူက ပြောဆိုသည်။

ကမ္မမြို့ပေါ်ရောက်ရှိနေသည့် အကြမ်းဖက် စစ်စစ်ကြောင်းက ကမ္မ​ဒေသတွင်း ကျေးရွာများနှင့် စစ်ရှောင်ပြည်သူများကို ပါရာမော်တာ၊ ဒရုန်း၊ Y-12 လေယာဉ် ၊ ဂျက်ဖိုက်တာ တို့ဖြင့် လေကြောင်း တိုက်ခိုက်မှုများ နေ့စဉ် ရက်ဆက် ဗုံးကျဲ တိုက်ခိုက်နေပြီး ပြည်သူပိုင်ပစ္စည်းများကို ဖောက်ထွင်းခိုးယူခြင်း၊ အသက်အန္တရာယ်ခြိမ်း ခြောက်ခြင်း၊ အဖမ်းဆီးခံ ပြည်သူများကို နှိပ်စက် သတ်ဖြတ်ခြင်းများ လုပ်ဆောင်နေကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article