ဒီကနေ့ ဇွန် ၁၉ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်က ဘုရားသုံးဆူမြို့ပေါ်မှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရဲ့ အသက် ၈၀ ပြည့်နှစ်မွေးနေ့ အထိမ်းအမှတ် ဂုဏ်ပြုဆိုင်းဘုတ်ကို ဒေသခံ ပြည်သူတွေက စုပေါင်းပြီး စိုက်ထူခဲ့ကြတယ်လို့ သိရပါတယ်။
- အကြမ်းဖက် စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်နေတဲ့ ရုပ်ရှင်သရုပ်ဆောင်၊ အဆိုတော်နဲ့ အနုပညာရှင် ၁၃ ဦးကို စစ်ကောင်စီက နိုင်ငံသားအဖြစ်ကနေ ရပ်စဲလိုက်တယ်ဆိုပြီး ထုတ်ပြန်လာပြန်ပါတယ်။
- ကရင်ပြည်နယ်၊ ကျုံဒိုးမြို့နယ်က ကော့ကရိတ် – အင်းကြီးလမ်းပိုင်းမှာ KNLA ပူးပေါင်းတပ်တွေနဲ့ အကြမ်းဖက် စစ်ကောင်စီတပ်အကြား တိုက်ပွဲတွေအပြင်းအထန်ဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က အယောက် ၂၀ ကျော်ကတော့ အသီးသီး သေကုန်ကြတဲ့အပြင် ဒဏ်ရာရတဲ့သူတွေနဲ့ တော်တော်ကို အထိနာနေတဲ့ သတင်းအပါအဝင် မနက်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
