26.4 C
Yangon

လယ်ဒိုနှင့် မူး ရှိ ကျေးရွာများကို စစ်တပ်က ဒရုန်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်မှု အသက် ၁၁ နှစ် အရွယ် ကလေးငယ် ၁ ဦးအပါအဝင် ပြည်သူ ၃ ဦး ဒဏ်ရာရပြီး ဘုန်းကြီးကျောင်းနှင့် ဘုရားကျောင်းများပါ ပျက်စီး

Must read

ရန်ကုန်၊ ဇွန် ၂၃

ပဲခူးတိုင်း၊ လယ်ဒိုမြို့နယ် နှင့် မူးမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က ဒရုန်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခြင်းကြောင့် အသက် ၁၁ နှစ် အရွယ် ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၃ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး ဘုန်းကြီးကျောင်းနှင့် ဘုရားကျောင်းများပါ ပျက်စီးခဲ့ကြောင်း KNU-Kler Lwee Htu District က ထုတ်ပြန်ထားသည်။

ဇွန်လ ၁၄ ရက်နေ့တွင် လယ်ဒိုမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ ပိန်းဇလုပ် အခြေစိုက် ခလရ-၂၆၄ တပ်ရင်းမှ စစ်ကောင်စီ တပ်သားများက သမင်အင်းကုန်းကျေးရွာကို ၁၂၀ မမ လက်နက်ကြီး ၁ လုံး၊ ဖျံတလင်းကျေးရွာကို ၁၂၀ မမ လက်နက်ကြီး ၂ လုံးတို့ဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှု အတွင်း သမင်အင်းကုန်းကျေးရွာမှ အသက် ၂၆ နှစ်အရွယ် နော်ဃီးလာဖော ၊ ဖျံတလင်းကျေးရွာမှ အသက် ၄၂ နှစ် အရွယ် နော်မူမူ နှင့် အသက် ၁၁ နှစ် အရွယ် စောဒေါင်ဖြောင့်တို့ လက်နက်ကြီး ကျည်စ ထိမှန်ခဲ့ကြောင်း၊ ထို့ပြင် ဇွန်လ ၁၇ နေ့ကလည်း သမင်အင်းကုန်းကျေးရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီး ၁၂၀ မမ ၃ လုံး ထပ်မံ ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။

ဇွန်လ ၂၀ ရက်နေ့တွင် မူးမြို့နယ် နတ်သံကွင်းမှ အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ဥသျှစ်ကုန်းကျေးရွာအတွင်းကို ဒရုန်းဖြင့် ဗုံး ၁၂ လုံး၊ ရေလဲကျေးရွာအတွင်းသို့ လက်နက်ကြီးဖြင့် ၃ လုံး နှင့် လယ်ကွင်းပြင်တွင် ၁ လုံး ပစ်ခတ်ခဲ့ကြောင်း၊ ထိုပစ်ခတ် တိုက်ခိုက်မှု အတွင်း ဥသျှစ်ကုန်းကျေးရွာမှ နေအိမ် ၂ လုံး၊ ဥသျှစ်ကုန်းကျေးရွာမှ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်း ၁ ကျောင်း၊ ခရစ်ဘုရားကျောင်း ၁ ကျောင်း၊ ရေလဲကျေးရွာမှ နေအိမ် ၂ လုံး လက်နက်ကြီး ထိမှန် ပျက်စီးခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article