27.6 C
Yangon

တောင်သာ၊ မတ္တရာနှင့် စဉ့်ကူးမြို့နယ်တို့တွင် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲမှု ပြည်သူ ၁ ဦးသေဆုံးပြီး ၃ ဦးထိခိုက်ဒဏ်ရာရ

Must read

ရန်ကုန်၊ ဇွန် ၂၅

မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ညောင်ဒိုကျေးရွာအနီးကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း တောင်သာမြို့နယ် လူထုလှုပ်ရှားမှု့ကော်မတီမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇွန်လ ၂၃ ရက်နေ့ ည ၁၁ နာရီ ၃၇ မိနစ်ခန့်တွင် ညောင်ဒိုကျေးရွာအနီးကို အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ၊ထိုတိုက်ခိုက်မှု အတွင်း ပြည်သူပိုင်နေအိမ် ၁ လုံးပျက်စီးခဲ့ပြီး အမျိုးသား ၁ ဦးနှင့် ကလေးငယ် ၁ ဦး ထိခိုက် ဒဏ်ရာရကာ ဒဏ်ရာရသူများ မစိုးရိမ်ရကြောင်း သိရှိရသည်။

“ပြည်သူတွေ အနေနဲ့ စစ်ခွေးတွေရဲ့ လေကြောင်း တိုက်ခိုက်မှုကို အထူးဂရုပြု နေထိုင်ကြပါလို့ အသိပေး ပြောကြားချင်ပါတယ်” ဟုတောင်သာမြို့နယ် လူထုလှုပ်ရှားမှု့ကော်မတီမှ တာဝန်ရှိသူက ပြောဆိုသည်။

အလားတူ ဇွန်လ ၂၃ ရက်နေ့ ညနေ ၄ နာရီ ၂၀ မိနစ်အချိန် မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ် ထုံးကြီး‌ကျေးရွာမြောက်ဘက် လယ်ကွင်းအနီးသို့‌ စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲခဲ့သဖြင့် အမျိုးသမီး ၁ ဦးထိခိုက်ဒဏ်ရာမစိုးရိမ်ရရရှိခဲ့ကြောင်း၊ ယင်းနေ့ ဇွန်လ ၂၃ ရက်နေ့ ည ၉ နာရီ ၁၀ မိနစ်အချိန် မန္တလေးတိုင်း၊ မတ္တရာမြို့နယ် ဥက္ကံကျေး ရွာဝန်းကျင်သို့ စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲချခဲ့ရာ ဒေသပြည်သူ အမျိုးသမီး ၁ ဦး သေဆုံးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပြင်ဦးလွင်ခရိုင်က ယမန်နေ့ သတင်းထုတ်ပြန်သည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article