27.6 C
Yangon

Khit Thit သတင်းဌာန၏ ဇွန် ၂၅ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဇွန် ၂၅ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ ထိုင်း-မြန်မာနယ်စပ်က ထီးကပလယ်စစ်စခန်းကို ကရင့်တော်လှန်ရေး တပ်တွေက သိမ်းပိုက်ရရှိပြီးနောက် ထိုင်းဘက်ကို ထွက်ပြေးသွားတဲ့စစ်သားတွေကို လိုက်လံတိုက်ခိုက် ရှင်းလင်းရာ စစ်သား ၄ ဦးကို အရှင်ဖမ်းဆီးရရှိထားတယ်လို့ ကရင့်တော်လှန်ရေး စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • ဘုန်းကြီးကျောင်းတွေနဲ့ သံဃာတော်တွေအနေနဲ့ သာသနာအမှတ်တံဆိပ်တပ်ထားတဲ့ လိုင်စင်မဲ့ကားတွေ စီး နင်းနိုင်ဖို့အတွက် ထောက်ခံချက်ရရှိရန် ငွေကျပ်သိန်း ၂၀ကနေ ကားတန်ဖိုးပေါ် မူတည်ပြီး အလှူငွေ သိန်းဆယ်ချီ မြို့နယ်သံဃာနာယကအဖွဲ့တွေဆီကို လာဘ်ထိုးနေရတယ်လို့ ငွေကြေးထည့်ဝင်ခဲ့ရတဲ့ စာသင်တိုက်တစ်ခုမှ တိုက်အုပ်ဆရာတော်တစ်ပါးက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • မန္တလေးတိုင်း၊ ငါးဇွန်မြို့နယ်၊ မြို့သာရဲစခန်းကနေ အိမ်စီးကားနဲ့ ထွက်လာတဲ့ အကြမ်းဖက် တပ်သားတွေ ကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်ဗိုလ် ၁ ဦးအပါအဝင် ၂ ဦး သေဆုံးခဲ့တဲ့ သတင်းအပါအဝင် မနက်ခင်းသတင်း တွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article