26.9 C
Yangon

ဖယ်ခုံမြို့နယ်၊ ဆောင်နန်းခဲရွာကို စစ်တပ်နှင့် လက်အောက်ခံ PNO ပြည်သူ့စစ်တို့က ပူးပေါင်း မီးရှို့ဖျက်ဆီးနေ

Must read

ရန်ကုန်၊ ဇွန် ၂၅

ရှမ်းပြည်နယ်နှင့်ကရင်နီပြည်အစပ်၊ ဖယ်ခုံမြို့နယ်၊ ဖယ်ခုံအင်းအရှေ့ဘက်ကမ်းရှိ ဆောင်နန်းခဲကျေးရွာကို စစ်တပ်နှင့် လက်အောင်ခံ PNO ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့က အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီး လျက်ရှိကြောင်း ဖယ်ခုံမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့မှ တာဝန်ရှိသူနှင့် ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဇွန်လ ၂၃ ရက်နေ့ ဖယ်ခုံမြို့နယ်၊ ဖယ်ခုံအင်းအရှေ့ဘက်ရှိ ဆောင်နန်းခဲကျေးရွာကို စစ်တပ်က လေ ကြောင်း၊ လက်နက်ကြီးပစ်ကူပေးပြီး မြေပြင်မှလည်း စစ်သားနှင့် PNO ပြည်သူ့စစ်များက ပူးပေါင်းစစ်ကြောင်းထိုးလာကြောင်း၊ ယင်းနောက် ဆောင်းနန်းခဲကျေးရွာ တစ်ရွာလုံးနီးပါးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ၊ ယင်းအကြမ်းဖက်စစ်တပ် စစ်ကြောင်းမှာ မိုးဗြဲမြို့ အရှေ့ဘက်မှ ဝင်ရောက်လာခြင်း ဖြစ်ကြောင်း သိရသည်။

“ ဇွန်လ ၂၃ ရက်နေ့က ဝင်လာတယ်။ ဇွန်လ ၂၄ ရက်နေ့ညနေမှာ မီးစရှို့တာ၊ လက်ရှိအထိ ရွာထဲမှာ ရှိနေတုန်း၊ နေအိမ် ဘယ်လောက်ကုန်သွားပြီလည်း မသိရသေးဘူး။ မီးရှို့ခံရတဲ့နေအိမ်တွေက များတယ်။ စခတွေဘက် က အင်အားများတော့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ နောက်ဆုတ်ပေးလိုက်ရတယ်။ လက်ရှိအထိလည်း ဂျက် ဖိုက်တာတွေနဲ့ ပျံဝဲပြီး ဗုံးကျဲနေတာတွေရှိတယ်” ဟု ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဆောင်နန်းခဲကျေးရွာသို့ ဝင်ရောက်လာသော စစ်တပ်နှင့် PNO ပူးပေါင်းစစ်ကြောင်းကို ကရင်နီပြည် လူမျိုးပေါင်းစုံလွတ်မြောက်ရေးတပ်ဦး – ကလလတ ၊ မိုးဗြဲ PDF ၊ ဖယ်ခုံ PDF ၊ KNDF ၊ Loikaw PDF နှင့် ပျားစစ်ကြောင်း စသည့် တပ်ပေါင်းစုတပ်ဖွဲ့ဝင်များက ခုခံတိုက်ခိုက်လျက်ရှိကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article