26.9 C
Yangon

ထိုင်း-မြန်မာနယ်စပ် ထီးကပလယ်စစ်စခန်းမှ ထွက်ပြေးသွားသော ဒုတိယဗိုလ်မှူးကြီး အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၂ ဦး လက်နက်များနှင့်အတူ ထိုင်းဘက်သို့ ရောက်ရှိသွား၊ စခန်းအတွင်းမှ စစ်သား အလောင်း ၆ လောင်းနှင့် လက်နက်ခဲယမ်းများရရှိ

Must read

ရန်ကုန်၊ ဇွန် ၂၅

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ ထိုင်း-မြန်မာနယ်စပ် ထီးကပလယ်စစ်စခန်းမှ ထွက်ပြေးသွားသော တပ်ရင်းမှူးအဆင့် ဒုတိယဗိုလ် မှူးကြီး အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၂ ဦးသည် လက်နက်များနှင့်အတူ ထိုင်းဘက်သို့ ရောက်ရှိသွားပြီး ထိုင်းအာဏာပိုင်များက ခေါ်ယူထိန်းသိမ်းထားကြောင်း ထိုင်း-မြန်မာနယ်စပ်စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

ဇွန်လ ၂၂ ရက်နေ့ မွန်းလွဲ ၃ နာရီ ၄၅ မိနစ်အချိန် ထိုင်း-မြန်မာနယ်စပ်ရှိ စစ်ကောင်စီတပ်၏ ထီးကပလယ် စစ်စခန်းကို သိမ်းပိုက်ရရှိခဲ့ပြီး အဆိုပါစခန်းမှ စစ်ကောင်စီတပ်သားများမှာ ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးသွားကြောင်း၊ ထွက်ပြေးသွားသော စစ်သားများကို တော်လှန်ရေးတပ်များက လိုက်လံ ဖမ်းဆီး နယ်မြေရှင်းလင်းရာ စစ်သား ၄ ဦးကို အရှင်ဖမ်းဆီးရခဲ့သော်လည်း ထီးကပလယ် စခန်းမှ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး အပါ စစ်အရာရှိ ၄ ဦး၊ အရာရှိအရာခံ/အကြပ် ၂၃ ဦးနှင့် တပ်သား ၁၅ ဦး စုစုပေါင်း ၄၂ ဦးတို့မှာ လက်နက် ၃၉ လက်နှင့်အတူ ထိုင်းနိုင်ငံဘက်သို့ ရောက်ရှိခဲ့ကြောင်း သိရှိရသည်။

” ထီးကပလယ်စခန်းက ပြေးတဲ့ ၄၂ ဦးက ထိုင်းစစ်တပ်ဆီရောက်သွားပြီ။ သူတို့ပါသွားတဲ့ သေနတ် ၃၉ လက်ကိုလည်း ထိုင်းစစ်တပ်က သိမ်းလိုက်ပြီ။ အခုတော့ စစ်မေးတာတွေ လုပ်နေတယ်။ လျှောက်ပြေးနေတဲ့ စစ်သားတွေလည်း မြန်မာဘက်အခြမ်းမှာရှိသေးတယ်” ဟု ထိုင်း-မြန်မာနယ်စပ်သတင်းရင်းမြစ်က ပြောဆိုသည်။

လတ်တလော ထီးကပလယ်စခန်းသိမ်းတိုက်ပွဲမှာ လက်နက်သိမ်းဆည်းရရှိမှုအနေဖြင့် ၆၀ မမ ၃ လက် ၊ ငါးကျင်းမြီး ၂ လက် ၊ လက်နက်ငယ် ၁၂ လက် ၊ လက်နက်ကြီးခဲယမ်းများ ရရှိကြောင်း၊ စခန်းအတွင်းမှ စစ်သား အလောင်း ၆ လောင်းလည်း သိမ်းဆည်းရရှိကြောင်း သိရှိရသည်။

KTLA ကော်သူလေးတပ်မတော်၏ ထုတ်ပြန်ချက်တွင်မူ ဇွန်လမှစတင်၍ တော်လှန်ရေး ပူးပေါင်းအဖွဲ့၀င်မျာကေ စစ်ကောင်စီ၏ ထီးကပလယ် စခန်းကို ဝန်းရံပိတ်ဆို့ပြီး ဒရုန်း များဖြင့် နေ့ညမပြတ် တိုက်ခိုက်ခဲ့ရာ ဇွန်လ ၂၂ ရက်နေ့တွင် စစ်ကောင်စီတပ်ဖွဲ့၀င်များ စခန်းကုန်းစွန့်ခွာထွက်ပြေးသွားခဲ့ကြောင်း၊ တော်လှန်ရေးတပ်ဖွဲ့၀င်များမှ လိုက်လံရှင်းလင်းရာ ထိုင်းနိုင်ငံသို့မရောက်မီ နယ်စပ် မီတာ ၅၀၀ ခန့်အကွာတွင် စစ်ကောင်စီတပ်ဖွဲ့၀င်များနှင့် တော်လှန်ရေးတပ်ဖွဲ့၀င်များအကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ အဆိုပါ ထိတွေ့တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့၀င် ၃ယောက် သေဆုံးပြီး ၄ ဦးအရှင်ဖမ်းမိခဲ့ရရှိကြောင်း သိရှိရသည်။

ကျန်ရှိသော စစ်ကောင်စီတပ်ဖွဲ့၀င်များမှာ လက်နက်များအား စွန့်ပစ်၍ ထိုင်းနိုင်ငံအတွင်းသို့ ဝင်ရောက်ထွက်ပြေးသွားခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့၀င်များက လိုက်လံရှင်းလင်းရာ ၎င်းတို့ထွက်ပြေးရာလမ်းတစ်လျှောက်တွင် ၆၀ မမအမြှောက်များ နှင့် လက်နက်ငယ်များ သိမ်းဆည်းရရှိခဲ့ကြောင်း၊ ယင်းနောက် ထီးကပလယ် စခန်းကုန်းကို တော်လှန်ရေးတပ်ဖွဲ့၀င်များက ၀င်ရောက် နယ်မြေရှင်းလင်းရာ ၆၀ မမ ဗုံးသီးများနှင့် ၇ ဒသမ ၆၂ ကျည်ဆံများ၊ ၅ ဒသမ ၅၆ ကျည်ဆန်များ ၄၀ မမ ဗုံးများ ထပ်မံသိမ်းဆည်းရရှိခဲ့ကြောင်း KTLA ကော်သူလေးတပ်မတော်က သတင်းထုတ်ပြန်သည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article