ဒီကနေ့ ဇွန် ၂၆ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- ပဲခူးတိုင်း၊ ညောင်လေးပင်၊ ကျောက်တံခါး၊ ဖြူးမြို့ နယ်အတွင်း ရန်ကုန် – မန္တလေး လမ်းဟောင်းပေါ်က စစ်ကောင်စီတပ်ဖွဲ့ တွေ အခြေချတပ်စွဲထားတဲ့ စခန်း ၉ ခုကို တော်လှန်ရေးတပ်တွေ ဝင်ရောက်တိုက် ခိုက်ခဲ့ရာမှာ စစ်တပ်ဘက်က ၁၉ ဦး သေဆုံးပြီး ရဲအုပ် ၁ ဦး အပါအဝင် ၃ ဦးကို အရှင်ဖမ်းဆီးရရှိခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက တရားဝင်သတင်းထုတ်ပြန်ထားပါတယ်။
- NLD အစိုးရနှင့်လွှတ်တော်က ဥပဒေနှင့်မညီညွတ်တဲ့ ပြောဆိုမှု၊ ပြဋ္ဌာန်းချက်နဲ့ကိစ္စများစွာ လုပ်ဆောင် ခဲ့လို့ လက်ရှိအခြေအနေကို ဆိုက်ရောက်ခဲ့ရတယ်လို့ အာဏာလု အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောဆိုပြန်ပါတယ်။
- ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ ထိုင်း-မြန်မာနယ်စပ် ထီးကပလယ်စစ်စခန်းကနေ ထွက်ပြေးသွားတဲ့ တပ်ရင်းမှူးအဆင့် ဒုတိယဗိုလ်မှူးကြီးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၂ ဦးဟာ လက်နက်တွေနဲ့ အတူ ထိုင်းဘက်ကို ရောက်ရှိသွားပြီး ထိုင်းအာဏာပိုင်တွေက ခေါ်ယူထိန်းသိမ်းထားတဲ့ သတင်းအပါအဝင် မနက်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
