24.8 C
Yangon

မင်းလှတွင် စစ်သား အချင်းချင်း လက်နက်ကြီးဖြင့် မှားယွင်း ပစ်ခတ်မှုကြောင့် စမ်းဘုတ်ရွာကို မီးရှို့ရန်ရောက်နေသော စစ်သားများကို ထိမှန်ပြီး ၅ ဦးသေဆုံး၊ လက်ပံတန်းတွင် ပျူစောထီး ၁ ဦး အလင်းဝင်

Must read

ရန်ကုန်၊ ဇွန် ၂၆

ပဲခူးတိုင်း၊ မင်းလှမြို့နယ်တွင် အကြမ်းဖက် စစ်သား အချင်းချင်း လက်နက်ကြီးဖြင့် မှားယွင်း ပစ်ခတ်ခြင်းကြောင့် စမ်းဘုတ်ရွာကို မီးရှို့ရန် ရောက်နေသော စစ်သားများကို ထိမှန်ပြီး ၅ ဦးသေဆုံးခဲ့ကြောင်း ဒေသတွင်း စစ်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဇွန်လ ၂၄ ရက်နေ့ ည ၇ နာရီခန့်တွင် မင်းလှမြို့နယ်၊ ရွေးကုန်းရွာမှ အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် အရက်မူးပြီး လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ရာ စမ်းဘုတ်ရွာကို မီးရှို့ရန်ရောက်နေသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများထံ ကျရောက် ပေါက်ကွဲခဲ့ကြောင်း သိရသည်။

ထိုသို့ ကျရောက် ပေါက်ကွဲမှုကြောင့် အကြမ်းဖက် စစ်ကောင်စီ တပ်သား ၅ ဦးသေဆုံးကာ စစ်သား မသာ အလောင်းများကို စမ်းဘုတ်ရွာသို့ ပြန်လည် သယ်ဆောင်သွားကြောင်း သိရှိရသည်။

“​ဇွန်လ ၂၄ ရက်နေ့ ည ၇ နာရီလောက်က ရွေးကုန်းရွာက စစ်ခွေးတွေက အရက်မူးပြီး လက်နက်ကြီးတွေနဲ့ ရမ်းပစ်တာ စမ်းဘုတ်ရွာကို မီးရှို့ဖို့ ရောက်နေတဲ့ စစ်ခွေး အုပ်စုထဲ လက်နက်ကြီး ကျရောက် ပေါက်ကွဲပြီး စစ်ခွေး ၅ ကောင် ထက်မနည်း သေဆုံးသွားတယ်။ စစ်ခွေး အလောင်းတွေကို စမ်းဘုတ်ရွာကို ပြန်လည် သယ်ဆောင်သွားတယ်” ဟု ဒေသတွင်း စစ်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် ဇွန်လ ၂၀ ရက်နေ့တွင် တောင်ပြတ်ရွာ ၊ ဇွန်လ ၂၂ ရက်နေ့တွင် ရွေးကုန်းရွာနှင့် ဦးတိုကျွဲလမ်းစုရွာ၊ ဇွန်လ ၂၃ ရက်နေ့တွင် ဆားချောင်းရွာ ၊ ဆင်အိုင်ချောင်းပေါက်ရွာ၊ ဂန့်ဂေါ်ပင်ရွာ၊ ဗိုလ်တထောင်ရွာ ၊ ငလှစမ်းရွာ နှင့် ဖားလေးကွင်းရွာ ၊ ဇွန်လ ၂၄ ရက်နေ့တွင် စမ်းဘုတ်ရွာ ၊ ဇွန်လ ၂၅ ရက်နေ့တွင် ကျွဲမကိုင်းရွာတို့ကို ဆက်တိုက် မီးရှို့ဖျက်ဆီးနေခြင်းဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်တွင်လည်း ပျူစောထီး ၁ ဦး ဂိတ်စောင့်နေစဉ် ထွက်ပြေးလာပြီး တော်လှန်ရေး တပ်ဖွဲ့များထံ အလင်းဝင်ရောက်ခဲ့ကြောင်း ဒေသတွင်း စစ်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဇွန်လ ၂၀ ရက်နေ့တွင် လက်ပံတန်းမြို့နယ်၊ ရန်ကုန်-ပြည် ကားလမ်းပေါ်ရှိ ကွမ်းခြံရွာ စစ်ဆေးရေးဂိတ်မှ ပျူစောထီး ၁ ဦးသည် ဂိတ်စောင့်နေစဉ် လက်နက်ယူဆောင်လာခြင်းမရှိဘဲ တော်လှန်ရေး တပ်ဖွဲ့များထံ ထွက်ပြေးကာ အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article