27 C
Yangon

ကျန်းမာရေးဝန်ကြီးဌာန ထိပ်ပိုင်းရာထူးကြီးများကို အောင်လင်းဒွေး၏ ညီမ၊ ၀ဏ္ဏမောင်လွင်သမီး၊ အမေရိကန်စစ်သံမှူး အောင်သူရိန်ညီမ အပါအဝင် စစ်တပ်အမျိုးအနွယ်များ သိမ်းပိုက်၊ စစ်တပ်မှ ဆရာဝန်များ ဌာနမှာ အစားထိုး

Must read

By ရန်ကုန်ခေတ်သစ်

ကျန်းမာရေးဝန်ကြီးဌာနရှိ ညွှန်ချုပ်၊ ဒုညွှန်ချုပ်နှင့် ညွှန်ကြားရေးမှူး ရာထူး ကဲ့သို့ သော အရေးပါသည့် ထိပ်ပိုင်းရာထူး ကြီးများကို စစ်တပ်မှ အောင် လင်း ဒွေး၏ ညီ၊ ၀ဏ္ဏမောင်လွင်သမီး၊ အမေရိကန်စစ်သံမှူး ဗိုလ်မှူး ကြီးအောင် သူရိန် ၏ ညီမ အပါအဝင် စစ်တပ်အမျိုးအနွယ်များက သိမ်းပိုက်လိုက်ကြပြီး ဝန် ကြီး ဌာနတွင် စစ်တပ်မှ ဆရာဝန်များကို ရာထူး ပေးခန့်အပ်လျက် ရှိ ကြောင်း သိရှိရသည်။

အောင်လင်းဒွေး၏ ညီမ စုစုဒွေး ညွှန်ချုပ်ဖြစ်လာ
===========================

အကြမ်းဖက်စစ်ကောင်စီ အတွင်းရေးမှူး အောင်လင်းဒွေးရဲ့ ညီမဖြစ်သူ စုစုဒွေးဟာ မန္တလေးဆေးရုံအုပ်ကြီး ရာထူးကနေ တိုင်းရင်းဆေး ပညာ ဦးစီးဌာနရဲ့ ညွှန်ကြားရေးမှူးချုပ်အဖြစ် ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှာ ခန့်အပ် ခံရပါတယ်။ ပုံမှန်အားဖြင့် ဆေးရုံအုပ်ကြီးတွေကနေ ညွှန်ချုပ် ရာထူး ရဖို့ ဆိုတာ အတော်ကို မလွယ်ကူဘဲ ရှားပါး ရာထူးတိုးတဲ့ကိစ္စ လည်းဖြစ်ပါတယ်။

စုစုဒွေးကတော့ အောင်လင်းဒွေးရဲ့ ညီမဖြစ်တာကြောင့် စစ်အာဏာ သိမ်းပြီး တာနဲ့ အချိန်တိုအတွင်းမှာ တိုင်းရင်းဆေး ပညာဌာနရဲ့ ညွှန်ကြားရေးမှူးချုပ် အဖြစ် ခန့်အပ်ခံရတာလည်းဖြစ်ပါတယ်။ တိုင်းရင်းဆေးပညာဦးစီးဌာနရဲ့ ညွှန် ကြားရေးမှူးချုပ်ရာထူးဟာ ကျန်းမာရေးဝန်ကြီးဌာန ညွှန်ကြား ရေးမှူး ချုပ် တွေထဲမှာ အဆင့်အနိမ့်ဆုံးဌာနရဲ့ ညွှန်ချုပ်ဖြစ်တာမို့ မကြာခင်မှာ စုစု ဒွေးဟာ အရေးပါတဲ့ ဦးစီးဌာနတစ်ခုရဲ့ ညွှန်ချုပ်ဖြစ်လာဖို့ ရှိနေတယ်လို့ ကျန်း မာရေး ဝန်ကြီးဌာန အသိုင်းအ၀ိုင်းက ဆိုကြပါတယ်။

ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ချုပ် ဒေါက်တာ မြင့်မြင့်သန်း
==================================

ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြင့်မြင့်သန်းက စစ်ကောင်စီအတွင်းရေးမှူး အောင်လင်းဒွေးရဲ့ သူငယ်ချင်း ဒုတိယဗိုလ်မှူးကြီး ဟောင်း နေမျိုးရဲ့ ဇနီးဖြစ်ပါတယ်။ အာဏာသိမ်းပြီးတဲ့အချိန်မှာ အောင် လင်း ဒွေး ကို ကပ်လို့ ဝန်ကြီးပေါင်းပြီး ညွှန်ချုပ်ဖြစ်လာတာလည်းဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ် နိုဝင်ဘာလမှာ ညွှန်ချုပ်ဖြစ် လာခဲ့ပြီး CDM ကျန်းမာ ရေးဝန် ထမ်း တွေကို ထောင်ချခဲ့တဲ့သူ၊ စစ်တပ်နဲ့ပူးပေါင်းခဲ့သူဖြစ်ပါတယ်။

လက်ရှိမှာ ဒုညွှန်ချုပ် ၄ ဦးက ညွှန်ချုပ် မြင့်မြင့်သန်းရဲ့ ဌာနတွင်း အဂတိ လိုက် စားမှုတွေနဲ့ပတ်သက်ပြီး ၂၀၂၂ ခုနှစ် ဧပြီလ ၂၉ ရက်နေ့မှာ တိုင်ကြား ခဲ့ပေ မယ့်လည်း သိန်း ၈၀၀ လာဘ်ထိုးပြီး ပစ်စာ အဆင့်ရောက်ရှိအောင် လုပ် ဆောင်ခဲ့တယ်လို့ ကျန်းမာရေးသတင်းရင်းမြစ်တွေက ဆိုပါတယ်။

အောင်လင်းဒွေး ညီမ စုစုဒွေးက သူရဲ့ နေရာကို လုယူမယ့် သူအဖြစ် မြင့်မြင့် သန်းက အမြဲလိုလို ထင်မှတ်နေတတ်ပြီး စုစုဒွေးကို မျက်နှာနှစ်ခုနဲ့ ဆက်ဆံ တယ်လို့ ကျန်းမာရေး သတင်းရင်းမြစ်က ဆိုပါတယ်။

“ရှေ့မှာတော့ စုရေ စုရေနဲ့ ဒေါ်မြင့်မြင့်သန်းကခေါ်နေပေမယ့် မီတင်တွေမှာ အစည်းအဝေးတွေမှာ ဒေါ်စုစုဒွေးအကြောင်းကို အတင်းချတော့တာပဲ။ အရည် အချင်းရှိလို့ တက်လာတာမဟုတ်ဘူး။ အစ်ကိုအားကိုးနဲ့ ညွှန်ချုပ် ဖြစ်လာ တယ် ပေါ့။ အဲဒီလိုမျိုးတွေ။ ပြည်သူ့ကျန်းမာရေးဦးစီးဌာနသူ့ ညွှန်ချုပ် ရာထူး ကို လုယူမယ့်သူလို့ အမြဲတမ်းပြောနေတာ” ဟု ကျန်းမာရေးဝန်ကြီးဌာန သတင်းရင်းမြစ်ကဆိုပါတယ်။

ဒေါက်တာမြင့်မြင့်သန်းဟာ စစ်တပ်ဆေးဝန်ထမ်း ၉ ဦးကို ကျန်းမာရေး ဦးစီး ဌာနဘက်ကို ခေါ်ယူခဲ့ပြီး စစ်ဆေးဝန်ထမ်း ၂ ဦးကို သူရဲ့ ကိုယ်ရေး အရာရှိ အဖြစ် ခန့်အပ်ထားတာလည်းဖြစ်ပါတယ်။

ညွှန်ချုပ် မြင့်မြင့်သန်းက ဒေါက်တာတိုးသီရိအောင်ရယ်( စစ်သံမှူး ညီမ) ၊ ဒေါက် တာတင်သစ္စာလွင်(၀ဏ္ဏမောင်လွင် သမီး) ၊ ဒေါက်တာနှင်းဒါလီဝင်း တို့ကို သူ့လူယုံ သမီးတော်တွေအဖြစ် ထားရှိပြီး ဌာနတွင်း လူမွေး ရာထူးပေး ပုံစံမျိုး ကျင့်သုံးတယ်လို့ ဆိုပါတယ်။


ကူးစက်ရောဂါ နှိမ်နင်းရေးဌာနညွှန်ကြားရေးမှူး တိုးသီရိအောင်
===================================

ကျန်းမာရေးဝန်ကြီးဌာနရဲ့ ဦးစီးဌာနတွေထဲမှာ အရေးပါတဲ့ ဌာနတစ်ခုဖြစ်တဲ့ ကူးစက်ရောဂါ နှိမ်နင်းရေးဌာနရဲ့ ညွှန်ကြားရေးမှူး အဖြစ် တိုးသီရိအောင်ကို ဒေါက်တာမြင့်မြင့်သန်းက ထောက်ခံချက်ပေးပြီး ခန့်အပ်စေခဲ့ပါတယ်။

NUG အမျိုးသားညီညွတ်ရေးအစိုးရ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း နေရာကို လုယူဖို့ ကြိုးစားနေတဲ့ အမေရိကန်ရောက် စစ်သံမှူး ဗိုလ်မှူးကြီးအောင်သူရိန်ဟာ တိုးသီရိအောင်ရဲ့ အစ်ကိုအရင်းဖြစ်ပါတယ်။

တိုးသီရိအောင်ဟာလည်း စစ်တပ်ထောက်ခံသူ စစ်တပ်အမျိုးအနွယ်ဖြစ်ပြီး CDM ကျန်းမာရေး ဝန်ထမ်းတွေကို အပြတ်ရှင်းဖို့ ကြိုးစားတဲ့ စစ်တပ် ထောက်ခံသူ ဝန်ထမ်းတွေထဲမှာ အပါအဝင်ဖြစ်ပါတယ်။

၀ဏ္ဏမောင်လွင် သမီးအကြီး ညွှန်ကြားရေးမှူး တင်သစ္စာလွင်
==================================

ရန်ကုန်တိုင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာန တိုင်းဦးစီးမှူး အဖြစ်ကနေ ရာထူး တိုးပြီး တိုးချဲ့ကာကွယ်ဆေးထိုးဌာန ရဲ့ ညွှန်ကြားရေးမှူး ဖြစ်လာပါတယ်။ လုံခြုံရေး စိတ်မချရတဲ့ အကြောင်းပြချက်နဲ့ ၀ဏ္ဏမောင်လွင်ကိုယ်တိုင်က သူ့သမီးကို နေပြည်တော်ကို ရာထူးတိုးပြောင်းရွှေ့စေခဲ့တာဖြစ်ပါတယ်။

CDM တွေကို အငြိုးတကြီး ဖမ်းဆီးတဲ့ စစ်အရာရှိကတော် ညွှန်ကြားရေးမှူး ခင်ခင်ကြီး
===========================================

ကိုဗစ်ကာလမှာ ပြည်သူတွေကြားမှာ ခင်ခင်ကြီး ဆိုတဲ့ နာမည် အတော်ကို ရေပန်းစားခဲ့ဖူးပါတယ်။ ကိုဗစ်ကိစ္စတွေ ဖြေကြားရင်း မီဒီယာတွေမှာ အများ ဆုံးတွေ့မြင်လာရာကနေ နာမည်ရလာတာပါ။

ဒါပေမယ့် သူဟာ ဗိုလ်မှူးဇော်နိုင်ထွန်း ဆိုတဲ့ စစ်အရာရှိကတော်ဖြစ်ပြီး စစ် တပ်ကိုထောက်ခံသူဖြစ်တာကြောင့် စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ CDM ကျန်းမာရေးအရာရှိတွေ လုပ်ဖော်ကိုင်ဖက်တွေကို မညှာမတာ ဖမ်းဆီးခဲ့တဲ့ စစ်တပ်အမာခံထောက်ခံသူ ဖြစ်ပါတယ်။ ရန်ကုန်၊ မန္တလေး CDM ကျန်းမာ ရေးဝန်ထမ်းတွေ သတ်ဖြတ် ဖမ်းဆီးခံခဲ့ရတာဟာ ဒေါက်တာ ခင်ခင်ကြီးရဲ့ စနက် မကင်းပါဘူး။

ယခင်က ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဒုညွှန်ကြားရေးမှူးဖြစ်ခဲ့တဲ့ ခင်ခင် ကြီးက အခုတော့ ကုသရေးဦးစီးဌာန(ပုဂ္ဂလိ/ကျန်းမာ) မှာ ညွှန်ကြားရေးမှူး ဖြစ်လာပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article