ဒီကနေ့ ဇူလိုင် ၁ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
-အကြမ်းဖက် စစ်ကောင်စီက မကြာခင် သူတို့လုပ်မယ့် ရွေးကောက်ပွဲမှာ ပါဝင်ချင်တဲ့ စစ်ဘက်နဲ့ အရပ်ဘက် အရာရှိကြီးတွေရဲ့ စာရင်းကို မင်းအောင်လှိုင်ကိုယ်တိုင် တောင်းခံထားပြီး ကြံဖွတ်ပါတီ နဲ့ချိတ်ဆက်ရမယ်ဆိုပြီးတော့ပါ ပြောထားတယ်လို့ နေပြည်တော် စစ်တပ်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောထားပါတယ်။
အကြမ်းဖက် စစ်ကောင်စီက ကျင်းပဖို့ လုပ်နေတဲ့ အတုအယောင် ရွေးကောက်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်မယ့် ပါတီတွေဟာ လူထုထောက်ခံမှု မရှိတဲ့ နိုင်ငံရေးပါတီတွေ ဖြစ်တယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ- NUG၊ ဝန်ကြီးချုပ်ရုံး ပြောရေး ဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောပါတယ်။
အကြမ်းဖက် စစ်ကောင်စီကို နိုင်ငံခြားငွေ မသွင်းတဲ့ ပို့ကုန်/သွင်းကုန် ကုမ္ပဏီပေါင်း ၁၉၇ ခု နဲ့ ကုမ္ပဏီ ဒါရိုက်တာအဖွဲ့ဝင်တွေကို စစ်ကောင်စီ ဗဟိုဘဏ်က အမည်ပျက်စာရင်း ကြေညာလိုက်ပြန်တဲ့ သတင်းအပါအဝင် နေ့လယ်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။
