26.2 C
Yangon

ရေဦးမြို့ပေါ်တွင် ကင်းလှည့်နေသည့် စစ်ကောင်စီ တပ်သားများကို ၂ ကြိမ် မိုင်းဆွဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိ

Must read

ရန်ကုန်၊ ဇူလိုင် ၁

စစ်ကိုင်းတိုင်း ရေဦးမြို့ မန်ကျည်း‌တောရပ်ကွက်အတွင်း ကင်းလှည့်နေသည့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ၂ ကြိမ် မိုင်းဆွဲ တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိကြောင်း Wolf Guerrilla LPDF Ye.U Air Force သတင်းပြန်ကြားရေးတာ၀န်ခံ ရဲဘော် ကိုညိုက ရန်ကုန်‌ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ဇွန်လ ၃၀ ရက်နေ့ နံနက် ၅ နာရီခန့်တွင် ရေဦးမြို့၊ မန်ကျည်းတောရပ်ကွက်ရှိ ဗိုလ်ရုပ်ကဇိုး ဦးဆောင်သော Wolf Guerrilla LPDF (YE-U) အဖွဲ့က စာသင်ကျောင်း အ၀င်ပေါက် ကျောင်းတံခါးတွင် “စစ်ကျွန်ပညာရေးစနစ်အလိုမရှိ” စာတန်း ချိတ်ဆွဲပြီး မိုင်း ၁ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ကာ စစ်ကောင်စီ ပညာရေး ယန္တရား မလည်ပတ်နိုင်ရန် သတိပေး တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်းနေ့ ည ၇နာရီခန့်တွင် ရေဦးမြို့၊ မန်ကျည်းတော ရပ်ကွက်ရှိ ရှေးဟောင်းဘုရားများ ရှိရာနေရာကို ကင်းပတ်နေသော အကြမ်းဖက် စစ်ကောင်စီ တပ်သား အင်အား ၃၀ ခန့်ကို ဗိုလ်ရုပ်ကဇိုး၏ ညွှန်ကြားမှုဖြင့်Wolf Guerrilla (YE-U)အဖွဲ့က ထပ်မံ ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ထို မိုင်းခွဲ တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၄ ဦး ထိခိုက်ဒဏ်ရာရကာ သေဆုံးမှုရှိသော်လည်း အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးဘဲ တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

“စစ်ခွေး ၄ ကောင်ဒဏ်ရာရတယ်။ ကျောင်းပညာရေး ကို သူတို့ကဖိအားပေးပြီးသူတို့က ဦး‌ဆောင်ဖွင့်ခိုင်းတာ ပထမက ကျောင်းပညာရေး ယန္တရားမလည်ပတ်ဖို့ ကျောင်းရှေ့ကို သတိပေးဖောက်ခွဲခဲ့တာ ည‌ ၇နာရီမှာ ကင်းလှည့်တဲ့ကောင်တွေကို ထပ်ဖောက်ခွဲတိုက် ခိုက်ခဲ့တာ စစ်ခွေးတွေ ပြန်လည်ပစ်ခတ်တာမျိုး မရှိဘူး။ ဖောက်ခွဲခဲ့တဲ့ ပတ်၀န်းကျင်က ပြည်သူပိုင် နေအိမ်တွေကို အတင်းအကျပ် လိုက်စစ်နေတယ်။ နံနက်ခင်း ဖောက်ခွဲမှုအပြီးမှာလည်း စကစ သံပြားကာ ကားတစ်စီး ကားအသေး ၂ စီးနဲ့ မန်ကျည်းတောရပ်ကွက်မှာရှိတဲ့ စာသင်ကျောင်း လမ်းပိုင်းမှာ အင်အားအများအပြားနဲ့ လုံခြုံရေးယူပြီး မိုင်းတွေ ဆက်လက် ရှာဖွေနေတယ်။ ဒီထက်ပိုကြမ်းတဲ့ မြို့ထဲ mission တွေ ဆက်လက် လုပ်မှာဖြစ်လို့ ပြည်သူတွေအနေနဲ့ သတိထားသွားကျဖို့ မေတ္တာရပ်ခံချင်ပါတယ်” ဟု Wolf Guerrilla LPDF Ye.U Air Force သတင်းပြန်ကြားရေးတာ၀န်ခံ ရဲဘော် ကိုညိုက ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article