25.5 C
Yangon

လှိုင်သာယာတွင် နိုင်ငံရေးပုဒ်မဖြင့် ဖမ်းဆီးထားသော မဇွန်ပွင့်လှိုင်ကို ရဲများလက်မှ ပစ်ခတ် ကယ်ထုတ်သွားမှု ပြန်လည် ဖမ်းဆီးရရှိဟုဆို

Must read

ရန်ကုန်၊ ဇူလိုင် ၂

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်တွင် နိုင်ငံရေးပုဒ်မဖြင့် ဖမ်းဆီးထားသော မဇွန်ပွင့်လှိုင်ကို ရဲများလက်မှ ပစ်ခတ် ကယ်ထုတ်သွားမှုမှ လွတ်မြောက်သွားသူနှင့် ကယ်ထုတ်သွားသူများကို လက်နက်များနှင့်အတူ ဖမ်းဆီးရရှိကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်သည်။

ယမန်နေ့ ဇူလိုင်လ ၁ ရက်နေ့ ည ၇ နာရီ ၃၀ မိနစ်အချိန် လှိုင်သာယာမြို့နယ် အရှေ့ပိုင်းရဲစခန်းတွင် အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀ (ည)ဖြင့် ဖမ်းဆီးထားသော မဇွန်ပွင့်လှိုင် အရေးပေါ် နာမကျန်းဖြစ်၍ လှိုင်သာယာမြို့နယ်ဆေးရုံသို့ ဒုရဲအုပ် ၂ ဦးက ခေါ်ဆောင်လာကြောင်း၊ ထိုသို့ ခေါ်ဆောင်လာစဉ် လှိုင်သာယာမြို့နယ်၊ စက်မှုဇုန် ၂ ၊ မင်းကြီးမဟာမင်းခေါင်လမ်းထိပ်အရောက်တွင် လူ ၂ ဦးကို ဒုရဲအုပ် ၂ ဦးကို ပစ်ခတ်ခဲ့ပြီး ဖမ်းဆီးခံထားရသော မဇွန်ပွင့်လှိုင်ကို ကယ်ထုတ်သွားခဲ့ကြောင်း သိရှိရသည်။

မဇွန်ပွင့်လှိုင်ကို ကယ်ထုတ်စဉ် ပစ်ခတ်ခံခဲ့ရသော ဒုရဲအုပ် ၁ ဦးမှာ သေနတ်ဒဏ်ရာဖြင့် သေဆုံးခဲ့ပြီး အမျိုးသမီး ဒုရဲအုပ်မှာမူ အမျိုးသမီးဒုရဲအုပ်မှာ ပုခုံးကျည်ဖောက် ဝင်ဒဏ်ရာရရှိခဲ့ကြောင်း၊ ရဲများ၏ ဖမ်းဆီးမှု ခံထားရသော မဇွန်ပွင့်လှိုင်မှာမူ လွတ်မြောက်သွားကြောင်း သိရှိရသည်။

ယနေ့ နံနက်ပိုင်း သန်လျင်မြို့နယ်တွင် မဇွန်ပွင့်လှိုင်နှင့် ကယ်ထုတ်သွားသူ လူ ၅ ဦးကိုလက်နက်၊ ခဲယမ်းများနှင့်အတူ ပြန်လည်းဖမ်းဆီးရရှိထားကြောင်း စစ်ကောင်စီ၏ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

ယင်းကဲ့သို့ လွတ်မြောက်သွားသူများကို ပြန်လည် ဖမ်းဆီးရရှိသည်သတင်းများကို စစ်တပ်လော်ဘီ တယ်လီဂရန်ချန်နယ်များအားလုံးတွင် တစ်ပြိုင်နက်တည်း တင်ပြနေကြကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article