25.7 C
Yangon

Khit Thit သတင်းဌာန၏ ဇူလိုင် ၃ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဇူလိုင် ၃ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • အကြမ်းဖက် မင်းအောင်လှိုင်က သူတို့စစ်တပ်ကို အကျိုးပြုသူနဲ့ စစ်တပ်ခိုင်းတာတွေကို လုပ်ဆောင်တဲ့ အမျိုးသမီး ၁၅၀ ကျော်ကို ဆုံတံဆိပ်တွေပေးနေပြန်သလို ၊ အဲ့ဒီ့ထဲမှာ မဘသ အဆိုတော် လီလီနိုင်ကျော်၊ စောမြရာဇာလင်း၊ မြင်းခြံပျူစောထီး သီတာယုမွန်၊ သရုပ်ဆောင် စိုးမြတ်သူဇာ၊ မေသဉ္ဇာဦး နဲ့ ဆွေဇင်ထိုက်တို့လည်းပါဝင်တယ်လို့ စစ်ကောင်စီအာဘော်သတင်းဌာနတွေကနေပါ ဖော်ပြထားကြပါတယ်။
  • မကွေးတိုင်းက စလင်း-ဆင်ဖြူကျွန်း လမ်းမှာ စစ်ကြောင်းထိုးလာပြန်တဲ့ အကြမ်းဖက် စစ်ကောင်စီတပ်သားတွေကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်မှုတွေအတွင်း စစ်ကောင်စီတပ်သား ၇ ဦးကတော့ အသီးသီး သေကုန်ကြပြီးနောက် စစ်တပ် စစ်ကြောင်းဟာ ရှေ့ဆက်မတိုးရဲတော့ပဲ နောက်ပြန်ဆုတ်သွားကြတယ်လို့ စလင်းမြို့နယ် ပကဖ ရဲ့ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • အကြမ်းဖက် စစ်ကောင်စီက သူတို့ရဲ့ တိုက်လေယာဉ် ၁ စီးဟာ ညအချိန် ပျံသန်းရင်းရင်းနဲ့ ရုတ်တရက် ပျောက်ဆုံးသွားတယ်လို့ အတိအလင်းထုတ်ပြန်ကြေညာပြီးတဲ့နောက်မှာပဲ ကရင်နီပြည်နယ် ဖားဆောင်း မြို့နဲ့ ၂ မိုင်ကျော်အကွာ သံလွင်မြစ်ကမ်းဘေးမှာ စစ်ကောင်စီရဲ့ လေယာဉ်ပျက်ကို တွေ့ရှိထားတယ်လို့ ကရင်နီတော်လှန်ရေးသတင်းရင်းမြစ်နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ-NUG ဝန်ကြီးချုပ်ရုံးပြောရေး ဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်ကပြောတဲ့ သတင်းအပါအဝင် နောက်ဆုံးရ သတင်းတွေကို တင်ဆက် ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article