27.2 C
Yangon

လောင်းလုံးမြို့နယ်အတွင်း ဆဲဗင်းဂျူလိုင် ကျောင်းသားအရေးတော်ပုံ အထိမ်းအမှတ် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှု ပြုလုပ်

Must read

ရန်ကုန်၊ဇူလိုင် ၇

ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်း လောင်းလုံးမြို့နယ် အခြေခံပညာကျောင်းသားများသမဂ္ဂက ဦးဆောင်ပြီး ယနေ့ ဇူလိုင် ၇ ရက်၊ နေ့လယ်ပိုင်းက ၆၃ နှစ်မြောက် ဆဲဗင်းဂျူလိုင် ကျောင်းသားအရေးတော်ပုံ အထိမ်းအမှတ်အနေနှင့် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှု ပြုလုပ်ခဲ့ကြသည်။

အဆိုပါလှုပ်ရှားမှုကို ဆဲဗင်းဂျူလိုင်အရေးတော်ပုံတွင် ပါဝင်ခဲ့ကြသည့် နောင်တော် ကျောင်းသူ/သားများကို ဂုဏ်ပြုသည့်အနေဖြင့် “ဆဲဗင်းဂျူလိုင်စိတ်ဓာတ် ကိုင်စွဲ၊ စစ်ပလ္လင်ကို ဒေါင်းအလံနဲ့ ဖြိုလှဲ” ခေါင်းစဥ်နှင့် ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း၊ လူထုသပိတ်လှုပ်ရှားမှုအဖြစ် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ချီတက်လမ်းလျှောက်ခဲ့ကြသည့်အပြင် ဆဲဗင်းဂျူလိုင်အရေးတော်ပုံအပါအဝင် ခေတ်အဆက်ဆက် ဒီမိုကရေစီလှုပ်ရှားမှုအတွင်း ကျဆုံးခဲ့ရသူများကို အလေးပြုခြင်း၊ လွမ်းသူပန်းခွေချခြင်း၊ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ကဗျာရွတ်ဖတ်ခြင်းများလည်း ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article