28.8 C
Yangon

နောင်ချိုမြို့နယ်ရှိ ကျေးရွာ ၅ ရွာတွင် စစ်တပ်နှင့် TNLA တို့ တိုက်ပွဲ ဆက်လက် ဖြစ်ပွားနေ

Must read

ရန်ကုန်၊ ဇူလိုင် ၇

ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်ရှိ ကျေးရွာ ၅ ရွာတွင် အကြမ်းဖက် စစ်တပ်နှင့် TNLA တို့ တိုက်ပွဲ ဆက်လက် ဖြစ်ပွားနေကြောင်း တအာင်းတပ်မတော် TNLA က သတင်းထုတ်ပြန်ထားသည်။

တအာင်းပြည်၊ တပ်မဟာ ၃ နယ်မြေ၊ နောင်ချိုမြို့နယ်ရှိ ကျောက်ကြမ်းရွာ၊ အောင်ချမ်းသာရွာ၊ ရေမောင်းတန်းရွာ၊ နောင်လင်ရွာနှင့် မျက်ချင်းနုရွာတို့တွင် အကြမ်းဖက် စစ်တပ်နှင့် တအာင်းတပ်မတော် TNLA တို့ တိုက်ပွဲဆက်လက်ဖြစ်ပွားနေခြင်း ဖြစ်ကြောင်း သိရသည်။

ဇူလိုင်လ ၆ ရက်နေ့တွင် ကျောက်ကြမ်းကျေးရွာ၌ အကြမ်းဖက် စစ်တပ်နှင့် တအာင်းတပ်မတော် TNLA တို့ တိုက်ပွဲဖြစ်ပွားနေချိန် အကြမ်းဖက် စစ်ကောင်စီတပ်က လက်နက်ကြီး ၂၄ လုံးနှင့် ဒရုန်း ဗုံးသီး ၃၀ လုံး ပစ်ခတ် ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

အလားတူ ယင်းနေ့တွင် နောင်လင်ကျေးရွာ၌ အကြမ်းဖက် စစ်ကောင်စီတပ်က ဒရုန်းဖြင့် ဗုံးသီး ၁၆ လုံး၊ လက်နက်ကြီး ၄၀ လုံးတို့ကို ပစ်ကူပေး တိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် လုံစံကျေးရွာဘက်တွင်လည်း အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံးသီး ၃၂ လုံးနှင့် လုံဖာကျေးရွာတွင်လည်း လေကြောင်းဖြင့် ဗုံးသီး ၂ လုံး လာရောက် ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ဇူလိုင်လ ၅ ရက်နေ့တွင်လည်း နောင်ချိုမြို့နယ်ရှိ ကျောက်တောရွာ၊ ကျောက်ကြမ်းရွာ၊ နောင်လင်ရွာ၊ မျက်ချင်းနုရွာတို့တွင် အကြမ်း စစ်တပ်နှင့် တအာင်းတပ်မတော် TNLA တို့ တိုက်ပွဲ ဆက်လက်ဖြစ်ပွားခဲ့ပြီး တိုက်ပွဲဖြစ်ပွားနေချိန် အကြမ်းဖက် စစ်တပ်က လက်နက်ကြီး ၂၇ လုံးနှင့် ဒရုန်းဖြင့် ဗုံးသီး ၁ လုံးတို့ ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ပြည်သူများအနေဖြင့် အကြမ်းဖက် စစ်တပ်၏ တိုက်ခိုက်မှုများ ရှောင်ရှားနိုင်ရန် စစ်ရေး သတိအမြဲရှိရန် လိုအပ်ပြီး လေကြောင်းရန်မှကာကွယ်နိုင်ရန် လေကြောင်းရန် ကာကွယ်ရေးဆိုင်ရာ နည်းလမ်းများ လိုက်နာဆောင်ရွက်ရန် လိုအပ်ကြောင်း တအာင်းတပ်မတော် TNLA က အသိပေး နှိုးဆော်ထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article