26.9 C
Yangon

ဖယ်ခုံမြို့ ရှိ စစ်ရှောင်စခန်း ၂ ခုကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှု အသက် ၄ နှစ်အရွယ် ကလေးငယ် ၁ ဦး အပါအဝင် မိသားစုဝင် ၃ ဦးလုံးသေဆုံး

Must read

ရန်ကုန်၊ ဇူလိုင် ၈

ရှမ်းပြည်နယ်နှင့် ကရင်နီ ပြည်နယ် အစပ် ဖယ်ခုံမြို့ အနောက်ဘက်ရှိ စစ်ရှောင်စခန်း ၂ ခုကို အကြမ်း ဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ အသက် ၄ နှစ်အရွယ် ကလေးငယ် ၁ ဦးအပါအဝင် မိသားစုဝင် ၃ ဦးလုံးသေဆုံးခဲ့ကြောင်း ဖယ်ခုံမြို့နယ် ပြည်သူလုံခြုံရေးတပ်ဖွဲ့ – PK Police က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယမန်နေ့ ဇူလိုင်လ ၇ ရက်နေ့ ည ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် ဖယ်ခုံမြို့ အနောက်ဘက်ရှိ စစ်ရှောင်စခန်း ၂ ခုကို အကြမ်းဖက် စစ်တပ်က ယောဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှုအတွင်း ၄ နှစ်အရွယ်ကလေး ၁ ဦး၊ အသက် ၂၆ နှစ်အရွယ် အမျိုးသမီး ၁ ဦးနှင့် ၂၆ နှစ်အရွယ် အမျိုးသား ၁ ဦး မိသားစုဝင် ၃ ဦးလုံး ပွဲချင်းပြီး သေဆုံးခဲ့ပြီ ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ကိုယ်ဝန်ဆောင်အမျိုးသမီး ၁ ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း သိရသည်။

“စစ်ခွေးတွေက လေယာဉ်နဲ့ ဗုံး ၃ လုံး တစ်နေရာနဲ့ ဗုံး ၂ လုံး တစ်နေရာ တို့ကို ကျဲချ သွားတာ ဖယ်ခုံအနောက်ဘက်က စစ်ရှောင်စခန်း ၂ နေရာကို ကျဲချတာ ၄ နှစ်အရွယ် ကလေးငယ် အပါအဝင် စစ်ရှောင် မိသားစုဝင် ၃ ဦးလုံးသေဆုံးတယ်” ဟု ဖယ်ခုံမြို့နယ် ပြည်သူလုံခြုံရေးတပ်ဖွဲ့ – PK Police က ပြောဆိုသည်။

ထိုသို့ စစ်ဘေးရှောင် စခန်းများကို စစ်တပ်က ဗုံးကျဲ တိုက်ခိုက်မှုကို အကြမ်းဖက် စစ်တပ် လော်ဘီများက PDF စခန်းများကို ဗုံးကျဲခြင်းဖြစ်သည်ဟု လိမ်လည် ဝါဒဖြန့် ပြောဆိုနေပြီး လေကြောင်းတိုက်ခိုက်မှုအတွင်း မပေါက်ကွဲသေးသည့် ဗုံး ၁ လုံးကို စစ်ဘေးရှောင် စခန်းအတွင်း ရှိနေကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article