26.6 C
Yangon

ပေါက်နှင့် ကမ္မ မြို့နယ် အစပ်ကို စစ်တပ်က လေယာဉ်ဖြင့် အကြိမ် ၃၀ ကျော် ဗုံးကျဲ တိုက်ခိုက်၊ မတ္တရာမြိုနယ်ရှိ ကျေးရွာများကိုလည်း စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်

Must read

ရန်ကုန်၊ ဇူလိုင် ၈

မကွေးတိုင်း၊ ပေါက်နှင့် ကမ္မ မြို့နယ် အစပ်ကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် အကြိမ် ၃၀ ကျော် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း အညာမြေ အရပ်ဖက်လူမှုအဖွဲ့အစည်း-မြိုင် အဖွဲ့က ပြောဆိုသည်။

ဇူလိုင်လ ၇ ရက်နေ့ ည ၈ နာရီ ၃၀ မိနစ်ခန့်မှ စတင်၍ အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာ ၂ စီး၊ Y-12 လေယာဉ် ၁ စီး တို့ဖြင့် စစ်တပ် ရိက္ခာပို့ စစ်ကြောင်း ထွက်ခွာမည့် ပေါက်နှင့် ကမ္မ မြို့နယ် အစပ်ရှိ လမ်းပိုင်းကို အကြိမ် ၃၀ ကျော် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ဖိုက်တာ ၂ စီးနဲ့ စစ်ခွေး ရိက္ခာပို့ စစ်ကြောင်း သွားမယ့် လမ်းကြောင်း တဝိုက်ကို တိုက်ခိုက်နေတာ Y-12 နဲ့လည်း အကြိမ် ၃၀ ကျော် ဗုံးကျဲသွားတယ်” ဟု အညာမြေ အရပ်ဖက်လူမှုအဖွဲ့အစည်း-မြိုင် အဖွဲ့က ပြောဆိုသည်။

အလားတူ မန္တလေးတိုင်း၊ မတ္တရာမြို့နယ် အရှေ့ခြမ်းရှိ ကျေးရွာ အနီးတစ်ဝိုက်ကိုလည်း အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း Voice Of Mandalay(Vomdy) အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

ဇူလိုင်လ ၇ ရက်နေ့ နံနက် ၅ နာရီ ၃၀ မိနစ်ခန့်တွင် မတ္တရာမြိုနယ် အရှေ့ခြမ်းရှိ အောင်ချမ်းသာကျေးရွာအနီးတစ်ဝိုက်ကို အကြမ်းဖက် စစ်တပ် ဂျက်ဖိုက်တာ ၁ စီးဖြင့် လေကြောင်း တိုက်ခိုက်မှု ၂ ကြိမ် ပြုလုပ်ခဲ့ကြောင်း သိရသည်။

“တံတားဦးလေတပ်က တက်လာတဲ့ Jet Fighter ၁ စီးနဲ့ လေကြောင်း တိုက်ခိုက်မှု ၂ ကြိမ် ပြုလုပ်သွားတယ်။ ကျဲချသွားတာတော့ Cluster ဗုံးလို့တော့ ယူဆရတယ်။ တိုက်ပွဲ ဖြစ်ပွားခြင်း မရှိဘဲ ပြည်သူတွေ နေထိုင်တဲ့ ရွာတွေကို တိုက်ခိုက်သွားတာ” ဟု Voice Of Mandalay(Vomdy) အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article