26.8 C
Yangon

တနင်္သာရီမြို့နယ်တွင် ပေါ်တာဆွဲဖမ်းဆီးခံရပြီး စစ်မှုထမ်းတပ်သားသစ် ဖြစ်လာသူ ၂ ဦးက လက်နက်ခဲယမ်း၊ ဗုံးများ ယူဆောင် အလင်းဝင်

Must read

ရန်ကုန်၊ ဇူလိုင် ၉

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်တွင် ပေါ်တာဆွဲဖမ်းဆီးခံရပြီး စစ်မှုထမ်းတပ်သားသစ် ဖြစ်လာသူ ၂ ဦးက လက်နက်ခဲယမ်း၊ ဗုံးများ ယူဆောင် အလင်းဝင်လာကြောင်း တနင်္သာရီတိုင်းစစ်ဌာန-ပြန်ကြား ရေးက သတင်းထုတ်ပြန်သည်။

ယမန်နေ့ ဇူလိုင်လ ၈ ရက်နေ့ တနင်္သာရီမြို့နယ်၊ ရေဖြူစစ်ဗျူဟာလုံခြုံရေးတပ်စုမှ စစ်မှုထမ်းတပ် သားသစ် စိုင်းဝဏ္ဏ နှင့် တပ် သားသစ် ဘုန်းမြင့်အောင်တို့က MA 1 ၁ လက်၊ ကျည်ဘောက် ၃ ခု၊ ကျည် ၇၅ တောင့်၊ အီနာဂါ ၁ လုံး၊ လက်ပစ်ဗုံး ၂ လုံး တို့ ယူဆောင်လာပြီး အလင်းဝင်လာကြောင်း သိရှိရသည်။

အလင်းဝင်ရောက်လာသည့်တပ်သား ၂ ဦးမှာ အကြမ်းဖက်စစ်တပ်၏ ပေါ်တာဆွဲခံရခြင်းဖြစ်ပြီး အဓမ္မစစ်မှုထမ်းခိုင်းခံရသူများဖြစ်ကြောင်း၊ ၎င်းတို့ ၂ ဦးမှာ စစ်မှုထမ်းအပတ်စဉ် ၈ ကို တက်ရောက်ခဲ့ပြီးနောက် ခလရ ၄၃၁ မှတဆင့် တနင်္သာရီမြို့နယ်အခြေစိုက် ရေဖြူစစ်ဗျူဟာတွင် တာဝန်ပေးစေလွတ်ခံရကြောင်း သိရှိရသည်။

လက်နက်နှင့်အတူ အလင်းဝင်ရောက်လာသည့်အတွက် တနင်္သာရီတိုင်းစစ်ဌာနက ငွေသား ကျပ် ၅၀ သိန်း ချီးမြှင့်ခဲ့ပြီး ကောင်းမွန်စွာ စောင့်ရှောက်ထားကြောင်း၊ အကြမ်းဖက်မင်းအောင်လှိုင် လက်အောက်ခံ တပ်သားများအနေဖြင့် ပြည်သူလူထုဘက်မှ ရပ်တည်လိုပါက တနင်္သာရီတိုင်းစစ်ဌာန၏ တပ်ရင်းတပ်ဖွဲ့များ၊ နီးစပ်ရာတော်လှန်ရေးတပ်များထံ အမြန်ဆုံးပူးပေါင်းကြရန်တိုက်တွန်းလိုကြောင်း၊ လက်နက်နှင့်အတူ အလင်းဝင်ရောက်လာပါက ထိုက်တန်စွာဂုဏ်ပြုချီးမြှင့်သွားမည်ဖြစ်ကြောင်း ကြေညာထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article