24.6 C
Yangon

ကမ္မမြို့ပေါ်တွင် တပ်စွဲထားသော စစ်တပ် ရိက္ခာပို့ ယာဉ်တန်းကို ၃ ရက်ဆက် ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၁၀ ဦးကျော် ထိခိုက် ဒဏ်ရာရ

Must read

ရန်ကုန်၊ ဇူလိုင် ၁၁

မကွေးတိုင်း၊ ကမ္မမြို့ပေါ်တွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ် ရိက္ခာပို့ ယာဉ်တန်းကို ၃ ရက်ဆက် ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၁၀ ဦးကျော် ထိခိုက် ဒဏ်ရာရရှိခဲ့‌ကြောင်း ဂဠုန်ပြောက်ကျားတပ်(Garuda Secret Force)မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

မေလ ၃၁ ရက်နေ့မှ စတင်ကာ ပခုက္ကူ တပ်မ ၁၀၁ မှ ထွက်လာသော စစ်ကား ၁၂၀ နှင့် အင်အား ၁၀၀၀ ခန့်ပါ ရိက္ခာပို့ စစ်ကြောင်းသည် ကမ္မမြို့ပေါ်တွင် တပ်စွဲထားစဉ် တော်လှန်ရေး တပ်ဖွဲ့များက ၃ ရက်ဆက်တိုက် ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုတိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိကာ သေဆုံးမှု အရေအတွက်ကို အတည်ပြုနိုင်ခြင်း မရှိသေးကြောင်း သိရှိရသည်။

“သေတယ်ဆိုတဲ့ သတင်းကိုတော့ အတည်မပြုနိုင်သေးဘူး။ စစ်ခွေး ထိခိုက်မှုကိုပဲ အတည်ပြုနိုင်သေးတယ်။ ကျနော်တို့ တိုက်ခိုက်မှု အတွင်းမှာတော့ မဟာမိတ်အဖွဲ့ တစ်ဖွဲ့ရဲ့ Drone ၁ စီးတော့ ပျက်စီးခဲ့တယ်” ဟု ဂဠုန်ပြောက်ကျားတပ်(Garuda Secret Force)မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ဂဠုန်ပြောက်ကျားတပ် (Garuda Secret Force) ၊ Black Cheetah ၊ ဒေါင်းသွေးနီပြောက်ကျား ၊ မြိုင်ပကဖ၊ ဗိုလ်အောင်ကျော်(RG) ၊ ကိုရေခဲနှင့် ကိုဗလဦးဆောင်သော လူငယ်ပြောက်ကျားတပ်ဖွဲ့၊ ဂျင်လေး (Pl PDf)၊ အညာမြေတပ်ပေါင်းစု မဟာမိတ်တပ်ဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article