24.2 C
Yangon

လှည်းကူးမြို့နယ်ရှိ ကျေးရွာအုပ်ချုပ်ရေးမှူးများက ပြည်သူများကို ကြံ့ဖွတ်ပါတီသို့ ဝင်ရောက်ရန် အတင်း အကျပ် ဖိအားပေး ခြိမ်းခြောက်နေ

Must read

ရန်ကုန်၊ ဇူလိုင် ၁၂

ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်ရှိ ကျေးရွာများမှ အုပ်ချုပ်ရေးမှူးများက ပြည်သူများကို ကြံ့ဖွတ်ပါတီသို့ ဝင်ရောက်ရန် ဖိအားပေး ခြိမ်းခြောက်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဇူလိုင်လ ၁၀ ရက်နေ့က စတင်ပြီး လှည်းကူးမြို့နယ်၊ မင်းကုန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဇော်ဝင်းနှင့် ပျူစောထီးများ ဦးဆောင်၍ မင်းကုန်းကျေးရွာအုပ်စုရှိ စံပြရွာ၊ မရမ်းချောင်းရွာ၊ ဥတိုရွာ၊ ဘိုသိုအင်းရွာ၊ ဂုံမင်းလျိုရွာ၊ လေးအိမ်စုရွာနှင့် မြေနီကွင်းရွာမှ ပြည်သူများကို ကြံ့ဖွတ်ပါတီသို့ ဝင်ရောက်ရန် တစ်အိမ်တက်ဆင်း လိုက်လံ ခြိမ်းခြောက် ဝင်ရောက် ခိုင်းနေခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ ကြံ့ဖွတ်ပါတီအတွင်း ဝင်ရောက် ခြင်းမရှိသူများကို အကြမ်းဖက် စစ်တပ် ခေါ်၍ စစ်မှူထမ်း တပ်သားသစ် အဖြစ် စုဆောင်းခြင်း၊ ဖမ်းဆီးခိုင်းခြင်းများ လုပ်ဆောင်မည်ဟု လိုက်လံ ခြိမ်းခြောက်နေကြောင်း သိရှိရသည်။

ယင်းသို့ ကြံ့ဖွတ်ပါတီ အတွင်း ဝင်ရောက်ပြီးပါက ဇူလိုင်လ ၁၃ ရက်နေ့တွင် ကြံ့ဖွတ်များ ဦးဆောင်ပြုလုပ်ရန် ရှိနေသည့် NUG ၊ PDF ဆန့်ကျင်ကြောင်း ဆန္ဒပြပွဲများသို့လည်း မဖြစ်မနေ လိုက်ပါရမည်ဟု အတင်းအဓမ္မ လူစုဆောင်းခြင်းများပါ လုပ်ဆောင်နေကြောင်း သိရသည်။

“လှည်းကူး မင်းကုန်းကျေးရွာအုပ်စုမှာ အုပ်ချုပ်ရေးမှူး ဇော်ဝင်းနဲ့ ပျုစောထီးတွေ ပူးပေါင်းပြီး ကြံ့ဖွတ်ပါတီဝင်ဖို့ ခြိမ်းခြောက်ဖိအားပေးနေပါတယ်။ သူတို့ ပါတီမဝင်ရင် စစ်မှုထမ်း ဖို့ ပေါ်တာဆွဲဖမ်းမယ်။ နေအိမ်မှာ စစ်တပ်ကို လာဖမ်းခိုင်းမယ်လို့ ပြောပါတယ်။ ဇူလိုင်လ ၁၃ ရက်နေ့မှာ သူတို့ ကြံ့ဖွတ်တွေ ဦးဆောင်လုပ်မယ့် NUG ၊ PDF ဆန့်ကျင်ပွဲကိုလည်း တက်ရမယ်လို့ အတင်း အဓမ္မ လူစုဆောင်းနေပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ထို့ပြင် ကျေးရွာအုပ်ချုပ်ရေး လာမည့် နှစ်ကုန်ပိုင်းတွင် ကျင်းပမည့် ရွေးကောက်ပွဲတွင် ကြံ့ဖွတ်ပါတီကိုသာ မဖြစ်မနေ မဲထည့်ရမည်ဟု ပြည်သူများကို ဖိအားပေး ခြိမ်းခြောက်မှုများ လုပ်ဆောင်နေကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article