ဒီကနေ့ ဇူလိုင် ၁၂ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
-မြန်မာ့အရေး အမြဲစိုးရိမ်တယ်လို့ ထုတ်ဖော်ပြောဆိုလေ့ရှိတဲ့ ကုလသမဂ္ဂအဖွဲ့ဟာ မြန်မာနိုင်ငံ တည်ငြိမ် အေးချမ်းရေးအတွက် ဆောင်ရွက်နေတဲ့လုပ်ငန်းစဉ်တွေကို အသိအမှတ်မပြုတဲ့အတွက် စိတ်ပျက်မိ တယ်လို့ စစ်ကောင်စီလက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
အကြမ်းဖက်စစ်ကောင်စီက စစ်မှုထမ်းဥပဒေနဲ့ တိုင်းပြည်အနာဂတ် လူငယ်တွေရဲ့ ဘဝပေါင်းများစွာကို စနစ်တကျဖျက်ဆီးပစ်ဆီးနေတယ်လို့ မြန်မာနိုင်ငံရှေ့နေများကောင်စီက ကြေညာချက်ထုတ်ပြန် လိုက်ပါတယ်။
ပဲခူးတိုင်း၊ မင်းလှမြို့နယ်၊ ဖားလေးကွင်းရွာကို အကြမ်းဖက်စစ်တပ်က ဒရုန်းနဲ့ ဗုံးကျဲပြီး နေအိမ်တွေကို ဝင်ရောက်မီးရှို့နေတဲ့ သတင်းအပါအဝင် မနက်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။
