26.7 C
Yangon

ဖားကန့်တွင် ယမန်နေ့ညပိုင်း စစ်တပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် နေအိမ်တချို့ မီးလောင်ကျွမ်းခဲ့ပြီး ပြည်သူ ၂ ဦးသေဆုံး

Must read

ရန်ကုန်၊ ဇူလိုင် ၁၃

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် ယမန်နေ့ညပိုင်း စစ်တပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် နေ အိမ် တချို့ မီးလောင်ကျွမ်းခဲ့ပြီး ပြည်သူ ၂ ဦးလည်း သေဆုံးခဲ့ကြောင်း ဖားကန့်မှ ဒေသပြည်သူတချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယမန်နေ့ ဇူလိုင်လ ၁၂ ရက်နေ့ ည ၇ နာရီအချိန် ဖားကန့်မြို့နယ်၊ ယူမာ၊ မရှီကထောင်ရပ်ကွက်၊ရွှေမြန် မာဆီဆိုင်ရှေ့တွင် စစ်တပ်နှင့် KIA ၊ PDF ပူးပေါင်းတပ်များအကြား ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း၊ အဆိုပါ ပစ်ခတ်မှုအတွင်း ပြည်သူ ၂ ဦးသေဆုံးခဲ့ပြီး သေဆုံးခဲ့သူ ၂ ဦးမှာ လမ်းပေါ်တွင်သွားလာရင် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

“ပစ်ခတ်မှုဖြစ်ပြီးတော့ ပြည်သူ ၂ ဦးထိသွားတာ။ တစ်ဦးက လင့်ခရူဇာကားပေါ်မှာ သေနေတာ။ ကားနံပါတ်က ကချင်လိုင်စင် 7E-9966 နဲ့ နောက်တစ်ဦးကတော့ ဆိုင်ကယ်နဲ့သွားရင် လမ်းပေါ်မှာ လဲကျသေဆုံးနေတာ။ လမ်းပေါ်မှာ သွားနေတာကို ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်သတ်ဖြတ်တဲ့သဘောလို့ ယူဆရပါတယ်။” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီတပ်က ဖားကန့်မြို့သို့ မေလ နှောင်းပိုင်းမှစတင်၍ စစ်ကြောင်းထိုးဝင်ရောက်လာပြီးနောက် စစ်တပ်၏ ပစ်ခတ်မှုနှင့် တိုက်ပွဲအတွင်း ပိတ်မိသေဆုံးသူ ပြည်သူ ၅၀ ဦးနီးပါးရှိလာပြီဖြစ်သည်။

ထို့ပြင် ယမန်နေ့ ည၉နာရီကျော် အချိန် ဖားကန့်မြို့ အခြေစိုက် တပ်မကုန်းက လက်နက်ကြီးဖြင့် ပစ် ခတ်သဖြင့် မှော်မောင်းလျှံကျေးရွာအတွင်းသို့ က်နက်ကြီးကျရောက်ပြီး နေအိမ်များ မီးလောင်ကျွမ်းခဲ့ကြောင်း၊ မီးလောင်ကျွမ်းသော နေအိမ်များကို ပြည်သူများနှင့်သက်ဆိုင်ရာ နယ်မြေတာဝန်ရှိ အဖွဲ့များက ၀ိုင်းဝန်းငြိမ်းသက်ပေးခဲ့ကြောင်း သိရှိရသည်။

“မနေ့ကလည်း တစ်နေ့ကုန် တိုက်ပွဲတွေ့ ကြိုကြား ကြိုကြားဖြစ်တယ်။ ဖြစ်တာကတော့ အမှိုက်ပုံဘက်မှာလည်းဖြစ်တယ်။ လမောင်ကုန်းဘက်မှာလည်းဖြစ်တယ်။ မနေ့ညက စစ်တပ်က လက်နက်ကြီးတွေနဲ့ တစ်ညလုံးပစ်တယ်။ ဖားကန့်မြို့ တပ်မကုန်းက အဓိက ပစ်နေတာ” ဟု ဖားကန့်ဒေသပြည်သူတစ်ဦးက ရှင်းပြသည်။

ဖားကန့်မြို့သို့ စစ်ကောင်စီတပ်က ရောက်ရှိလာသည်မှာ ၂ လနီးပါးကြာမြင့်လာပြီဖြစ်ပြီး တိုက်ပွဲများဖြစ်ပွားကာ စစ်တပ်၏ ပစ်ခတ်မှုကြောင့် ပြည်သူ ၅၀ ဦးနီးပါး သေဆုံးခဲ့ကာ ဒဏ်ရာရရှိသူ ပြည်သူအရေအတွက်မှာလည်း ၁၀၀ ကျော်လာပြီဖြစ်သည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article