27.2 C
Yangon

မြစ်ဆုံအနီး KIA နှင့် PDF ပူးပေါင်း ကွန်မန်ဒို ၇ ဦးဖြင့် အင်အားရာကျော်ပါ စစ်တပ်စစ်ကြောင်းကို ပဒေသာမိုင်းဆွဲပြီး ပစ်ခတ်တိုက်ခိုက်မှု စစ်ကောင်စီ ဘက်မှ ၁၈ ဦးထက်မနည်းသေဆုံးပြီး အများအပြားဒဏ်ရာရ

Must read

ရန်ကုန်၊ ဇွန် ၁၉

ကချင်ပြည်နယ်၊ မြစ်ဆုံအနီးတွင် KIAနှင့် PDF ပူးပေါင်း ကွန်မန်ဒို ၇ ဦးဖြင့် အင်အားရာကျော်ပါ စစ်တပ်စစ်ကြောင်းကို ယမန်နေ့ နံနက်ပိုင်း ပဒေသာ မိုင်း ဆွဲပြီး ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ ၁၈ ဦးထက်မနည်းသေဆုံးပြီး အများ အပြားဒဏ်ရာရရှိကြောင်း PDF သတင်းရင်းမြစ်က အတည်ပြု ပြောဆို သည်။

ဇွန်လ ၁၈ ရက်နေ့ နံနက်ပိုင်းတွင် ပူတာအိုဘက်မှ မြစ်ဆုံဘက်သို့ ဆင်းလာ သော စစ်ကြောင်းကို KIA နှင့် PDF ပူး ပေါင်း ကွန်မန်ဒိုတပ်က ပဒေသာမိုင်း ဆွဲ၍ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး သတင်းကြိုရ၍ ပြင်ဆင်တိုက် ခိုက်နိုင် ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

“မြစ်ဆုံအနားမှာ စစ်ခွေးအင်အား ရာကျော်ခြေလျင်အဆင်းကို ပဒေသာမိုင်း ကျွေးလိုက် နိုင်တယ်။ စစ်ခွေး ၁၈ ကောင်သေပြီး ၃၇ ဦးလောက် အပြင်းအထန် ဒဏ်ရာရ ပါတယ်။ စစ်တပ်ဘက်က လက်နက်ကြီးအင်အားသုံးပြီး လေယာဉ် ပစ် ကူပါ လာတယယ်။ ကျနော်တို့ ရဲဘော်တွေ အားလုံး အထိအခိုက်မရှိဘူး။ KIA နှင့် ကျနော်တို့ အထူးကွန်မန်ဒိုပူးပေါင်းတပ်ဖွဲ့ ။ တိုက်ပွဲနေရာက ပူတာအို ဘက်မှ မြစ်ဆုံအဆင်း။ ကျနာ်တို့ဘက်က အထူးကွန်မန်ဒို အဖွဲ့က ၅ ဦး ၊ KIA အထူးကွန်မန်ဒို ၂ ဦး အင်အားက အားလုံးပေါင်းမှ ၇ ဦးတည်းပါ။ ကျနော်တို့ကို အင်အားများတယ်ထင်ပြီး စစ်တပ်ဘက်က ၆၀ မမ တွေ RPG တွေနဲ့ပါ ရမ်း သမ်း ပစ်တယ်။ လေယာဉ်ပါ လာပစ်တယ်။ ကျနော်တို့က ခွေးတွေ ဆင်းလာ မယ် ဆိုတာကို ကြိုတင်သတင်းရလို့ ကြိုတင်ပြင်ဆပြီး တစ်နာအလို လောက် က တည်းက ပဒေသာမိုင်းထောင်ထားတာ။ စစ်ခွေးတွေက ခြေလျင်စစ်ကြောင်း နဲ့ ဆင်းလာတာ။ အနီးကပ်ရောက်မှ ပဒေသာမိုင်းကျွေးလိုက်တာ။ မိုင်းကျွေးပြီး မနားတမ်းကျနော်တို့က ပစ်တာပဲ” ဟု PDF သတင်းရင်းမြစ်က ပြောသည်။

KIA သတင်းရင်းမြစ်များကလည်း မြစ်ဆုံအနီးတွင် စစ်ကောင်စီစစ်ကြောင်း မိုင်းအကြိမ်ကြိမ် အဆွဲခံရပြီး သေဆုံးသူ များပြားကြောင်း၊ ဒဏ်ရာရသူများ လည်း အလွန်များပြားသည်ဟု သိရှိရကြောင်း အတည်ပြုပြောဆိုသည်။

ဓာတ်ပုံ- KIA နှင့် PDF ပူးပေါင်းတပ်များ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article