ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် တိုက်ပွဲများဖြစ်ပွားနေသော်လည်း ၇၈ နှစ်မြောက် အာဇာနည်နေ့ အထိမ်း အမှတ် စစ်အာ ဏာရှင် ဆန့်ကျင်ရေးအဖြစ် ယနေ့ လူထုသပိတ် ချီတက်ကြကြောင်း သိရှိရသည်။
ကချင်ပြည်နယ် ဖားကန့်မြို့တွင် ဇူလိုင်လ ၁၉ ရက်နေ့ ၇၈ နှစ်မြောက် အာဇာနည်နေ့ အထိမ်း အမှတ် စစ်အာဏာရှင် ဆန့်ကျင်ရေး လူထုသပိတ်နှင့် မတရား အာဏာသိမ်းအကြမ်း ဖက် စစ်တပ် ဦးဆောင်ကျင်းပရန်ကြိုးပမ်းနေသော တရားမဝင်ရွေးကောက်ပွဲ ကို ဆန့်ကျင် သော လူထုလှုပ်ရှားကြသည်။
ဖားကန့်ပြည်သူများက အာဇာနည် နိုင်ငံ့ခေါင်းဆောင်ကြီး ၉ ဦး နှင့်တကွ ဖယ်ဒရယ် ဒီမိုကရေစီ တိုက်ပွဲနှင့် နွေဦးတော်လှန်ရေးတွင် ကျဆုံးသွားသော တနိုင်ငံလုံးရှိ အာဇာနည်သူရဲကောင်းများ အတွက်လည်းဆုတောင်းပေးခဲ့ကြသည်။
ဖားကန့်လူထုသပိတ်က အကြမ်းဖက်စစ်တပ်က ဦးဆောင် ကျင်းပမည့် တရားမဝင် ရွေးကောက်ပွဲကို နည်းလမ်းအမျိုးမျိုး ဖြင့် ဆန့်ကျင်ကြရန် နွေးဦးတော်လှန်ရေး အမြန်အောင်မြင်ရန် တနိုင်ငံလုံးသွေးမအေးဘဲ စုစု စည်းစည်း ညီညီ ညွတ်ညွတ်ဖြင့် ပူးပေါင်းပါဝင်ပေးကြပါရန် တိုက်တွန်းနှိုးဆော်သည်။


