30.7 C
Yangon

ရွှေဘိုခရိုင် အမှတ် ၇ တပ်ရင်းက ၇၈ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားနှင့် သူရဲကောင်းရဲဘော်များအား ဂုဏ်ပြုပွဲပြုလုပ်

Must read

ရန်ကုန်၊ ဇူလိုင် ၁၉

ကာကွယ်ရေးဝန်ကြီးဌာန ၊ အမှတ် ၁ စစ်ဒေသ၊ ဗျူဟာ – ၅၂၊ ရွှေဘိုခရိုင် အမှတ် (၇)တပ်ရင်းက ၇၈ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားနှင့် နွေဦးတော်လှန်ရေးအတွင်း မြင့်မြတ်စွာ အသက်ပေးလှူသွားခဲ့သော သူရဲကောင်းရဲ​ဘော်များအား ဂုဏ်ပြုပွဲပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ရွှေဘိုခရိုင် အမှတ် ၇ တပ်ရင်းမှ မြင့်မြတ်စွာအသက်ပေးလှူခဲ့သော အာဇာနည်ရဲဘော် ၁၉ ဦး၏ မိသားစုဝင်များကိုလည်း ဦးညွှတ်ဂုဏ်ပြုလွှာများ ဂုဏ်ပြုတပ်ဖွဲ့က ဂုဏ်ပြုပေးအပ်ခဲ့ကြောင်း၊ သံဃာတော် အရှင်သူမြတ်များအား ဆွမ်းနှင့် ဝါဆိုသင်္ကန်းများ ကပ်လှူကုသိုလ်ပြုပြီး နွေဦးတော်လှန်ရေး အတွင်း မြင့်မြတ်စွာ အသက်ပေးလှူသွားခဲ့သော သူရဲကောင်းရဲ​ဘော်များအားလုံးကို ရေစက်ချအမျှအတမ်းပေးဝေခဲ့ကြကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article