ရန်ကုန်၊ ဇူလိုင် ၂၃
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ညောင်ပင်သာ စိုက်ပျိုးရေးကျောင်းမှ ဆိုင်ကယ်ဖြင့် ထွက်လာသော အကြမ်းဖက် စစ်ကောင်စီ တပ် သားများကို တိုက်ခိုက်ရာ စစ်သား ၄ ဦးသေဆုံးပြီး သေနတ် ၁ လက်သိမ်းဆည်းရရှိခဲ့ကြောင်း ရွှေဘိုခရိုင်အမှတ် ၄ တပ်ရင်းမှ တာ ဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဇူလိုင်လ ၂၂ ရက်နေ့ နံနက် ၆ နာရီခွဲခန့်တွင် ရွှေဘိုမြို့နယ်၊ ညောင်ပင်သာစိုက်ပျိုးရေးကျောင်း ၌ တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သား ၆ ဦးသည် ဆိုင်ကယ် ၃ စီးဖြင့် ရွှေဘို-ရေဦး လမ်းပိုင်းကို ထွက်လာစဉ် ရွှေဘိုခရိုင် အမှတ် ၄ တပ်ရင်းမှ တော် လှန်ရေး ရဲဘော်များက စောင့်ကြိုတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယင်း တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၄ ဦးသေဆုံးခဲ့ပြီး G-3 သေ နတ် ၁ လက်၊ ကျည်ဘောက် ၂ ခု၊ ကျည် ၁၆၈ တောင့် ၊ လက်ပစ်ဗုံး ၁ လုံးနှင့်အတူ ဆက် စပ်ပစ္စည်းအချို့ သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။
တိုက်ခိုက်မှု ဖြစ်ပွားနေစဉ် စစ်ကူလာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ကိုလည်း တော်လှန်ရေး ရဲဘော်များက ဒရုန်းဖြင့် ထပ်မံဗုံးကျဲ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား ၄ ဦးခန့် ထပ်မံ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“ညောင်ပင်သာ စိုက်ပျိုးရေးကျောင်းမှာ အခြေပြုတပ်စွဲထားတဲ့ စစ်သားနဲ့ ပျူစောထီး ၆ ကောင်က ဆိုင်ကယ် ၃ စီးနဲ့ ရွှေဘို-ရေဦးလမ်းပိုင်းကို သွားလာလှုပ်ရှားနေတာကို ကျနော်တို့ ကြိုတင်သတင်းရပြီး ပစ်ခတ် တိုက်ခိုက်ခဲ့တာ စစ်ခွေး ၄ ကောင်သေပြီး စစ်ကူလာတဲ့ ကောင်တွေကိုပါ ဒရုန်းနဲ့ ဗုံးကျဲ တိုက်ခိုက်ခဲ့တာပါ” ဟု ရွှေဘိုခရိုင်အမှတ် ၄ တပ်ရင်းမှ တာဝန်ရှိသူက ပြောဆိုသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar


