25.7 C
Yangon

တောင်သာမြို့နယ်၊ တပင်ကန်ရွာရှိ ရေအောင်မြင် ဘုန်းကြီးကျောင်းအနီး တပ်စွဲ ဂိတ်ချထားသော စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်သား ၅ ဦး သေဆုံး

Must read

ရန်ကုန်၊ ဇူလိုင် ၂၄

မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ တပင်ကန်ကျေးရွာ ရေအောင်မြင်ဘုန်းကြီးကျောင်းအနီး တပ်စွဲဂိတ်ချထားသော အကြမ်းဖက် စစ်ကောင်စီတပ်သားများကို ဒရုန်းဖြင့် တိုက်ခိုက်ရာ စစ်သား ၅ ဦး သေဆုံးခဲ့ကြောင်း Myingyan District Army-3 Drone Team မှ မြင်းခြံခရိုင် ဒရုန်းတပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်ကတုံးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇူလိုင်လ ၂၃ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် တောင်သာမြို့နယ်၊ တပင်ကန်ကျေးရွာရှိ ရေအောင်မြင် ဘုန်းကြီးကျောင်း ရှေ့တွင် တပ်စွဲ ဂိတ်ချထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ဒရုန်း ၁၀ စီး ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

“စစ်ခွေး အင်အားကတော့ ၅၀၊ ၆၀ လောက်ရှိတယ်။ စစ်ခွေးတွေဘက်တော့ ပြန်မပစ်နိုင်ပါဘူး။ အားရမူတော့ နည်းပါတယ်။ ဗုံးသီး လိုအပ်ချက်ကြောင့် အခုတိုက်ခိုက်ရေးက အားနည်းတယ်လို့ ပြောရမယ်။ နောက်နောင် ဒီထက်မက လုပ်ဆောင်ပါမယ်လို့ ကတိပေးပါတယ်”ဟု Myingyan District Army-3 Drone Team မှ တာဝန်ခံ မြင်းခြံခရိုင် ဒရုန်းတပ်ဖွဲခေါင်းဆောင် ဗိုလ်ကတုံးကပြောဆိုသည်။

ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၅ ဦးသေဆုံးကာ ၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ထိခိုက် ဒဏ်ရာရရှိသူများ အနက် ၂ ဦးသည် ခြေထောက်ပြတ် ထွက်ခဲ့ကြောင်း၊ တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် စစ်ကောင်စီ တပ်သားများသည် မြင်းခြံဘက်သို့ ကား ၃ စီးဖြင့် ပြန်လည် ထွက်ခွာသွားပြီး တော်လှန်ရေး တပ်ဖွဲ့ဘက်မှလည်း Fixed Wings Drones ၃ စီး ပျက်စီးဆုံးရှုံးခဲ့ကြောင်းသိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မြင်းခြံခရိုင် အမှတ် ၃ တပ်ရင်း လက်ရုံးတပ် ဒရုန်းတပ်ဖွဲ့နှင့် မလှိုင်ပြည်သူ့ကာကွယ်ရေး ဒရုန်းတပ်ဖွဲ့တို့ ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article