ရန်ကုန်၊ ဇွန် ၂၀
ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့ အမှတ် (၄) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဝင်းနိုင်သည် ဇွန်လ ၁၉ ရက်နေ့ ရေတာရှည်မြို့ရှိ ၎င်း၏ ကွမ်းယာဆိုင်ဘေးတွင် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံ များထံမှ သိရှိရ သည်။
ရေတာရှည်မြို့နယ် အမှတ် (၄) ရပ်ကွက် အုပ်ချုပ်ရေး၀င်းနိုင်သည် ရေတာရှည်မြို့ပေါ် အမှတ် (၄) ရပ်ကွက် ဓာတ်တော်လမ်း၊ ကွမ်းယာဆိုင်တွင် ဇွန်လ ၁၉ ရက်နေ့ နံနက် ၁၀ နာရီခွဲအချိန် ပစ်ခတ်ခံ ရခြင်းဖြစ်ပြီး နားဖူးကျည်ဖောက်ဒဏ်ရာဖြင့် ပွဲချင်းပြီး ကွမ်းယာခုံဘေးတွင်ပင် သေဆုံး သွား ကြောင်း သိရှိရသည်။
“သူ ဈေးရောင်းနေတုန်း ရှေ့ကနေ သေနတ်နဲ့ ချိန်ပြီး သေချာပစ်သွားတာ။ ပွဲချင်းပြီး သေပါတယ်။ အခုတော့ မြို့ပေါ်မယ် ခွေးတွေ သေနတ်ဖောက်ပြီး လှည့်နေတယ်” ဟု ရေတာရှည် မြို့ခံတစ်ဦးက ပြောဆိုသည်။
အလားတူ ဇွန်လ ၁၉ ရက်နေ့ ညနေ ၆ နာရီခန့်က ရေနီမြို့၊ ရဲကုန်းကျေးရွာအုပ်စု၊ ဝါးရုံလဲကျေးရွာ အုပ်ချုပ်ရေးမှူးလည်း ပစ်ခတ်ခံခဲ့ရကြောင်း သိရသည်။
ဓာတ်ပုံ- သေဆုံးသွားသော စစ်ကောင်စီခန့် ရေတာရှည်မြို့ အမှတ် (၄) ရပ်ကွက် အုပ်ချုပ်ရေးမှူး ပုံ။