32.6 C
Yangon

Khit Thit သတင်းဌာန၏ ဩဂုတ် ၅ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဩဂုတ် ၅ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

-အမျိုးသားညီညွတ်ရေးအစိုးရ- NUG အလုပ်သမားဒုဝန်ကြီး ဦးကျော်နီက ပြည်ထဲရေးနှင့် လူဝင်မှု ကြီးကြပ်ရေးဒုဝန်ကြီးအဖြစ် ပူးတွဲတာဝန်ယူပြီး NUG တိုက်ရိုက်ထိန်းချုပ်ထားတဲ့နယ်မြေတွေကို ကွင်းဆင်းကာ လုပ်ငန်းတာဝန်တွေ ဆောင်ရွက်နေတယ်လို့ NUG ရဲ့ ပြန်ကြားရေးဌာန PVTV နဲ့ တွေ့ဆုံ မေးမြန်းခန်းမှာ ဦးကျော်နီက ပြောဆိုလိုက်ပါတယ်။

– ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး စစ်တပ်ရဲ့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုကြောင့် ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၃ ဦးသေဆုံးခဲ့တယ်လို့ KIA စစ်ရေးသတင်းရင်း မြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။

– ရှမ်းပြည်နယ်မြောက်ပိုင်းမှာ MNDAA က သိမ်းပိုက်ထားတဲ့ သိန္နိခရိုင်အတွင်း တရုတ်-မြန်မာနယ်စပ်ကုန် သွယ်ရေးလမ်းကြောင်းမှာ MNDAA က စစ်ဆေးရေးဂိတ် ၆ ခု ဖွင့်လှစ်ပြီး ၂၄ နာရီ ကုန်စည်စီးဆင်း ဝင်ထွက်သွားခွင့်ပြုထားတယ်လို့ MNDAA က သတင်းထုတ်ပြန်ထားတဲ့ သတင်းအပါအဝင် မနက်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article