30 C
Yangon

Khit Thit သတင်းဌာန၏ ဇွန် ၂၀ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဇွန် ၂၀ ရက် ညနေပိုင်း ရရှိထားတဲ့သတင်းတွေကတော့
– ကရင်ပြည်နယ်၊ သံတောင်မြို့ ၊ စာတိုက်ရုံး လမ်းဆုံမှာ ခရီးသွားပြည်သူတွေကို စစ်ဆေးနေတဲ့ အကြမ်း ဖက် စစ်ကောင်စီတပ်ဖွဲ့ကို ဇွန်လ ၂၀ ရက်နေ့ ဒီကနေ့ မနက် ၁၀ နာရီ ဝန်းကျင်လောက်မှာ သံတောင် PDF ကနေ စနိုက်ပါနဲ့ ပစ်ခတ်ရာမှာ စစ်ကောင်စီဘက်က တပ်ကြပ်ကြီး အဆင့်ရှိတဲ့တပ်သား တစ်ဦး သေဆုံးသွားတယ်လို့ သံတောင် PDF က သတင်းထုတ်ပြန်ထားပါတယ်။
-မကွေးတိုင်းဒေသကြီး ၊ ဂန့်ဂေါမြို့နယ်က ရွာ ၄ ရွာဖြစ်တဲ့ ပနန်း ၊ စံပယ် ၊စင်ပုံ နဲ့ ယင်းမာရွာတွေကို အကြမ်းဖက် စစ်ကောင်စီဝင်တွေက ဇွန်လ ၁၉ ရက်နေ့ နဲ့ ၂၀ ရက်နေ့တွေမှာ ဝင်ရောက်ပြီး ၊ ပြည်သူပိုင် နေအိမ်တွေကို ဖျက်ဆီးတာ ၊ ပစ္စည်းတွေ ခိုးယူတာတွေကို ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
– ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော် အပါအဝင် ဒီမိုကရေစီအရေး လှုပ်ရှားသူ ၄ ဦးကို သေဒဏ်ပေးမှုကို အင်းစိန်ထောင် နိုင်ငံရေးအကျဉ်းသားများအင်အားစုက ကန့်ကွက်လိုက်ပြီး ၊ အင်းစိန်ထောင်မှာ အကျဉ်း သား အခွင့်အရေးတွေ အကြီးအကျယ် ချိုးဖောက်ခံနေရတဲ့အပြင် ၊ ကျန်းမာရေး စောင့်ရှောက်မှု ချက် ချင်းပေးဖို့အတွက် အပါအဝင် အချက် ငါးချက်ကို နိုင်ငံရေးအင်အားစုက အရေးပေါ် ကြေညာ ချက် ထုတ်ပြီးတောင်းဆိုလိုက်တဲ့ သတင်းအပါအဝင်နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article