24.4 C
Yangon

စစ်ကိုင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်တပ်ကို တော်လှန်ရေး တပ်ဖွဲ့များက ၁ လ ကျော်ကြာ ပိတ်ဆို့တိုက်ခိုက်နေ၊ တနင်္သာရီမြို့နယ်တွင်လည်း စစ်တပ်ဂိတ်စခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်

Must read

ရန်ကုန်၊ ဩဂုတ် ၆

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်ကို တော်လှန်ရေး တပ်ဖွဲ့များက ၁ ကျော် ကြာ ပိတ်ဆို့တိုက်ခိုက်နေကြောင်း YOUNG WOLF PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇွန်လ ၂၃ ရက်နေ့က စတင်ပြီး စစ်ကိုင်းမြို့နယ် အတွင်းရှိ ကျေးရွာများကို စစ်ကြောင်းထိုးနေသော စစ်ကိုင်း တပ်မ ၃၃ နှင့် အုန်းတော ၆၀၀၅ တင့်ကားတပ်များမှ အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက ပိတ်ဆို့ တိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ပွဲများသည် လက်ရှိ ဩဂုတ်လပိုင်းထိ ဖြစ်ပွားနေပြီး စစ်တပ် စစ်ကြောင်းသည် ကျေးရွာများကို ဆက်တိုက် စစ်ကြောင်းထိုးနေ၍ ထောင်နှင့်ချီသော ပြည်သူများသည် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။

“စစ်ကိုင်းမြို့နယ်ထဲကို တပ်မ ၃၃ နဲ့ အုန်းတော ၆၀၀၅ တင့်ကားတပ်များက ပူးပေါင်း စစ်ကြောင်းက စစ်ကြောင်းထိုးလာလို့ ကျနော်တို့ YOUNG WOLF PDFနဲ့ ပူပေါင်း မဟာမိတ် တပ်ပေါင်းစုက လက်ရှိချိန်ထိ တားဆီး ပိတ်ဆို့ တိုက်ခိုက်နေတာ တိုက်ပွဲကတော့ ဆက်လက် ဖြစ်ပွားနေတုန်းပါပဲ” ဟု YOUNG WOLF PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

ထို့ပြင် တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ ရမ်းဖိုရွာရှိ စစ်တပ် တပ်စွဲထားသော နေရာကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ဗိုလ်ခရင်းတပ်ဖွဲ့က ပြောဆိုသည်။

ဩဂုတ်လ ၅ ရက်နေ့ မွန်းလွဲ ၂ နာရီ ၄၀ မိနစ်ခန့်တွင် ရမ်းဖို‌ကျေးရွာတွင် တပ်စွဲထား စစ်ကောင်စီ တပ်သားများသည် လမ်းဘေးတွင် ဂိတ်ချကာ ခရီးသွား ပြည်သူများကို စစ်‌ဆေးလျက်ရှိ‌သောကြောင့် ဗိုလ်ခရင်းတပ်ဖွဲ့က ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှု အခြေအနေကို အတည်ပြုနိုင်ခြင်းမရှိသေးဘဲ တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article