27 C
Yangon

Khit Thit သတင်းဌာန၏ ဩဂုတ် ၇ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဩဂုတ် ၇ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • ရခိုင်ရိုးမတောင်တန်းနဲ့အစပ် မကွေးတိုင်း ငဖဲမြို့နယ်ကတိုက်ပွဲတွေအတွင်း နတ်ရေကန်စခန်းမှာ တပ်စွဲထားတဲ့ ခမရ ၁၅ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ၁ ဦး၊ ခမရ ၁၄ မှ ဗိုလ်မှူး ၁ ဦး အပါအဝင် စစ်ကောင်စီ ဘက်တော်သား ၁၅ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ AA ဆီကို အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သား နေသူရမျိုးက ထုတ်ဖော်ပြောဆိုပါတယ်။
  • စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ပေါ်က အမှတ် ၃ ရဲလေ့ကျင့်ရေးသင်တန်းကျောင်းကို ဒရုန်းနဲ့ ဗုံးကျဲတိုက်ခိုက် ခဲ့ရာ ဗိုလ် ၁ ဦးအပါအဝင် ၁၅ ဦး သေဆုံးခဲ့တယ်လို့ ကျောက်ဆည်ခရိုင် အမှတ် ၁၈၄၄ ဒရုန်းတပ်ရင်းမှ တပ်ရင်းမှူး ဆရာလေးက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • မကွေးတိုင်း၊ ပခုက္ကူမြို့ တပ်မ ၁၀၁ လက်အောက်ခံတပ်ရင်းတွေက ထွက်ပြေးလာတဲ့ စစ်မှုထမ်း တပ်သားသစ် အယောက် ၂၀ အလင်းဝင်ရောက်လာတယ်လို့ Burma Revolution Rangers အဖွဲ့မှ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ကို DEMO က ပြောပါတယ်။
  • ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေအတွက် ဘယ်သူဘယ်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် CI အစိမ်းရောင်စာအုပ်ကို ဖျက်သိမ်းပြီး ပန်းရောင်ကတ်တစ်ခုတည်းကိုပဲ အသုံးပြုပေးဖို့ အလုပ်သမားအရေး ဆောင်ရွက်ပေးနေတဲ့ ထိုင်းလူမှုအဖွဲ့အစည်း Bright Future အဖွဲ့က ထိုင်းအထက်လွှတ်တော်ကို တရားဝင် တောင်းဆိုထားတဲ့ သတင်းအပါအဝင် မနက်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article