30 C
Yangon

ကိုယ်ပိုင်ပြဌာန်းခွင့်ရှိသော ပြည်နယ်တစ်ခုအနေဖြင့် ပြည်ထောင်စုတွင် ရပ်တည်ဖော်ဆောင်သွားမည်ဖြစ်ပြီး အာဏာရှင်စနစ်ကို အပြီးပြတ်တိုက်ပွဲဝင်သွားမည်ဟု ကရင်နီအမျိုးသားနေ့သို့ KNDF က သဝဏ်လွှာပေးပို့

Must read

ရန်ကုန်၊ ဇွန် ၂၁

ကိုယ်ပိုင်ပြဌာန်းခွင့်အပြည့်အဝရှိသည့် ပြည်နယ်တစ်ခုအနေဖြင့် ပြည်ထောင်စုတွင် ရပ်တည်ဖော်ဆောင်သွားမည်ဖြစ်ပြီး ကရင်နီအမျိုးသား ရည်မှန်းချက်များကို တားဆီးသည့် ယနေ့ အာဏာရှင်စနစ်ကို အပြီးပြတ်တိုက်ပွဲဝင်သွားမည်ဟု ယနေ့ ဇွန်လ ၂၁ ရက်နေ့တွင် ကျရောက်သော ၁၄၇ နှစ်မြောက် ကရင်နီအမျိုးသားနေ့သို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF က သဝဏ်လွှာပေးပို့သည်။

အာဏာရှင်စနစ်ကို အပြီးပြတ် တိုက်ပွဲဝင်သွားမည်ဖြစ်ပြီး ရည်မှန်းချက်တူသည့် အင်အားစုများအားလုံးနှင့် လက်တွဲသွားမည်ဖြစ်ကြောင်း၊ ဌာနေတိုင်းရင်းသားများ၏ လူနည်းစုအခွင့်အရေးနှင့် ကရင်နီပြည်သူလူထုအားလုံး၏ တန်းတူအခွင့်အရေးနှင့် အေးချမ်းစွာ ဖွံ့ဖြိုးတိုးတက်ခွင့်ကို အနာဂါတ်တွင် ပြဌာန်းမည့် ဖွဲ့စည်းပုံအခြေခံဥပဒေများတွင် တိကျစွာ ကာကွယ်ပြဌာန်းရုံမက အမှန်တကယ် အကောင်အထည်ဖောင်နိုင်ရန် KNDF က ရပ်တည်ဖော်ဆောင်သွားမည်ဖြစ်ကြောင်း သဝဏ်လွှာတွင် ဖော်ပြသည်။

၁၉၄၈ ခုနှစ်တွင် ကရင်နီနိုင်ငံသည် ပြည်ထောင်စုမြန်မာနိုင်ငံတွင် ပါဝင်လာပြီး ကိုယ်ပိုင်ပြဌာန်းခွင့်ရှိသော ပြည်နယ်တစ်ခုအဖြစ် တောင်းဆိုရပ်တည်နေသည်မှာ ယနေ့တိုင်ဖြစ်ကြောင်း သဝဏ်လွှာတွင် ပါရှိသည်။

၁၈၇၅ ခုနှစ် ဇွန်လ ၂၁ ရက်နေ့တွင် ဗြိတိသျှအင်္ဂလိပ်နှင့် ဗမာဘုရင်တို့က ကရင်နီနိုင်ငံအား သီးခြားလွတ်လပ်ကြောင်းနှင့် ကရင်နီနိုင်ငံကို မည်သူမျှ ကျူးကျော်ခြင်းမပြုကြရန် သဘောတူစာချုပ် ချုပ်ဆိုသည့်နေ့ကို ကရင်နီအမျိုးသားနေ့အဖြစ် သတ်မှတ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article