30.8 C
Yangon

ထိုင်းနိုင်ငံ၊ သစ်သီးစက်ရုံတွင် လုပ်အားခ ခေါင်းပုံဖြတ်ခံရသည့် မြန်မာအလုပ်သမား ၁၂၀ ဦး၏ လုပ်ခနှင့် အချိန်ပိုကြေး ဘတ် ၈ သိန်းကျာ် ပြန်လည်ရရှိရေး NUG နှင့် 𝐌.𝐇.𝐀.𝐂 က ပူးတွဲကူညီပေး

Must read

ရန်ကုန်၊ ဩဂုတ် ၁၀

ထိုင်းနိုင်ငံ စာမွတ်ပကန်မြို့နယ်ရှိ သစ်သီးစက်ရုံတစ်ခုတွင် မြန်မာအလုပ်သမား ၁၂၀ ဦးကို လုပ်အားခနှင့် အချိန်ပိုကြေး အပြည့် မပေးဘဲ အတင်းကျပ် အလုပ်ဆက်ခိုင်းခံနေရမှုအတွက် နစ်နာနေသော လုပ်ခနှင့်အချိန်ပိုကြေး ထိုင်း ဘတ် ၈ သိန်းကျော် ပြန်လည် ရရှိအောင် ကူညီဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း ထိုင်းရောက် ရွှေ့ပြောင်း မြန်မာအလုပ်သမားအရေးကူညီဆောင်ရွက်ပေးနေသူ အေအေစီ ကိုရဲမင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

အဆိုပါ စက်ရုံက မြန်မာအလုပ်သမားများကို ဇူလိုင်လအတွက် လစာအနေဖြင့် အလုပ်သမားတစ်ဦးလျှင် ဘတ် ၃၀၀၀ သာ ပေး၍ အချိန်ပိုကြေးတစ်လခွဲစာထုတ်မပေးကြောင်း၊ ထို့ပြင် ဆက်လက်၍ အလုပ် ခိုင်းစေနေသည့်အပြင် လုပ်ခ လစာ ထုတ်မပေးမှုအတွက် တိုင်ချင်ရာ တိုင်နိုင်သည့် ပုံစံမျိုးပြုမူလုပ် ဆောင်ခဲ့ကြောင်း သိရှိရသည်။

“ကျွန်တာ်တို့ကို ဆက်သွယ်ပြီး ကူညီဖြေရှင်းပေးပါဆိုလို့ 𝐌.𝐇.𝐀.𝐂 မဟာမိတ်အဖွဲ့၊ 𝐍𝐔𝐆 အလုပ်သမားဝန်ကြီးဌာန၏ ညွှန်ကြားရေးမှုး ဦးနိုင်ထွန်းဦးနှင့် အတူ အလုပ်သမားတွေအရေးကိုသက်ဆိုင်ရာနယ်မြေခံအလုပ်သမားကာကွယ်စောင့်ရှောက်ရေးရုံးမှာ ဖြေရှင်းပေးခဲ့တာ ဖြစ်ပါတယ်” ဟု အေအေစီ ကိုရဲမင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ဩဂုတ်လ ၇ ရက်နေ့တွင် အလုပ်သမားများကို စက်ရုံက မပေးဘဲ ခေါင်းပုံ ဖြတ်ခံထားသည့် လုပ် အားခနှင့် အချိန်‌‌ပိုကြေး ထိုင်းဘတ်ဘတ် ၈ သိန်းကျာ်ကို ပြန်လည်ရရှိအောင် ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

ထိုင်းနိုင်ငံတွင် တရားဝင် မြန်မာအလုပ်သမားများအနေဖြင့် လုပ်ငန်းခွင် ဖိနှိပ်ခံရမှုများ၊ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရမှုများအတွက် 𝐌.𝐇.𝐀.𝐂 နှင့် NUG အလုပ်သမားဝန်ကြီးဌာနတို့ထံသို့တိုင်ကြားနိုင်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article