28 C
Yangon

မန္တလေးကို ပြန်လာတဲ့ ရန်ကုန်မှ တပ်ကြပ်ကြီး မျိုးထွေး ပစ်ခတ် ခံရပြီး သေဆုံး၊ သရက်ချောင်းမှ စစ်တပ်သတင်းပေး လက်နက်ကိုင် ပျူစောထီး နိုင်မိုးလည်း ပစ်ခတ်ခံရပြီး သေဆုံး

Must read

ရန်ကုန်၊ ဇွန် ၂၁

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်မှာ ရန်ကုန်မှ ပြန်လာတဲ့ တပ်ကြပ်ကြီး မျိုးထွေး သေနတ်နဲ့ ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ မန္တလေး အခြေစိုက် Generation Z Pwer Mandalay က သတင်းထုတ်ပြန်ပါတယ်။

ဇွန်လ ၂၁ ရက်နေ့ နံနက် ၇ နာရီ ၃၀ မိနစ်အချိန် မန္တလေး၊ မဟာအောင် မြေ မြို့နယ်၊ သံ/နောက် ၊ အောင်ချမ်းသာရပ်ကွက်မှာ ရန်ကုန်မှ ပြန်လာတဲ့ စစ်ကောင်စီ တပ်ရဲ့ တပ်ကြပ်ကြီး မျိုးထွေး ကို Generation Z Power -GZP မန္တလေးက သေနတ်နဲ့ ၅ ချက် ပစ်ခတ်ရာ ပွဲချင်းပြီး သေဆုံးသွားတယ်လို့ သိရပါတယ်။

အလားတူ တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ် ၊ ကနက်သီရိကျေးရွာက စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးဟောင်း တစ်ဦး ဒီနေ့ည ၇နာရီခွဲဝန်းကျင် ပစ် သတ်ခံလိုက်ရတယ်လို့ ရွာခံတွေထံကနေသိရပါတယ်။

သေဆုံးသူဟာ အသက် ၅၀ ဝန်းကျင်အရွယ် နိုင်မိုးဆိုသူဖြစ်ပြီး သူ့ရဲ့ နေအိမ် မှာပဲပစ်ခတ်ခံလိုက်ရတာဖြစ်တယ်လို့သိရပါတယ်။

“သေနတ်သံ ၅ချက်လောက်ဆက်တိုက်ကြားရတယ်။ သူ့အမျိုးသမီးလည်း ခြေထောက်ကိုသေနတ်မှန််တယ်လို့ကြားတယ်” လို့ဒေသခံရွာ သား တစ်ဦး ကပြောပါတယ်။

နိုင်မိုးဟာ စစ်ကောင်စီတပ်တွေ လက်နက်တပ်ဆင်ပေးထားတဲ့သူဖြစ်ပြီး ရွာသားတွေကိုအမျိုးမျိုးဒုက္ခပေးတဲ့သူလည်းဖြစ်တယ်လို့ ဒေသခံ တွေက ဆိုပါတယ်။

“သူသေတဲ့သတင်းကြားတာနဲ့တင်အရမ်းပျော်နေပြီ။ သူကြောင့် ဒုက္ခရောက် သူ နည်းမှမနည်းပဲ။ သူ့ကြောင့်ထောင်ထဲရောက်သူလည်းမနည်းဘူး။ သူရှိတုန်း ကရွာမှာ အိပ်ကောင်းခြင်းမအိပ်ရစားကောင်းခြင်းမစားရပဲ” လို့ရွာသားတစ်ဦး ကပြောပါတယ်။

နိုင်မိုးကို ဘယ်အဖွဲ့ကပစ်ခတ်ခဲ့တယ်ဆိုတာကိုတော့မသိရသေးပါဘူး။

အရင်ကလည်း နိုင်မိုးကို အဖွဲ့တစ်ဖွဲ့က ရှင်းလင်းဖို့ကြိုးစားခဲ့ဖူးတဲ့အတွက် ထွက်ပြေးတိမ်းရှောင်ခဲ့ဖူးတယ်လို့ ဒေသခံတွေရဲ့ပြောဆိုချက်အရသိရပါတယ်။

ဓာတ်ပုံ- သရက်ချောင်းမှ ပစ်ခတ်ခံရပြီး သေဆုံးသွားတဲ့ လက်နက်ကိုင် ပျူစောထီး နိုင်မိုး။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article