ရန်ကုန်၊ ဇွန် ၂၁
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်နှင့်အင်းတော်မြို့နယ်တို့တွင် စစ်ကြောင်း၊ စစ် ယာဉ် တန်းနှင့်ရဲကးများ မိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ဦး သေဆုံး ကာ အများအပြား ဒဏ်ရာရရှိကြောင်း ဒေသကာကွယ်ရေး တပ်ဖွဲ့ များ က သတင်းထုတ်ပြန်သည်။
ဇွန်လ ၂၁ ရက်နေ့ နံနက် ၆ နာရီ ၅၅ မိနစ်အချိန် စစ်ကိုင်းတိုင်း၊ ကလေးမြို့ နယ် တိုင်း၊ ထိုမာမှ ကလေးဘက်သို့ ချီတက်လာသော စစ်အင်အား ၁၃၀ ကျော် ပါ စစ်ကြောင်း ချင်းဆိုင်တောင်ဘက် ကလေး -ဂန့်ဂေါ ကားလမ်း အရှေ့ဘက် ငှက်ပျောတောတိုက်နားအရောက်အတွင် KALAY UGF က မိုင်း ၈ လုံးဆွဲ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
ထို့ပြင် ဇွန်လ ၂၁ ရက်နေ့ နံနက် ၈ နာရီအချိန် KALAY UGF က အသင့်ပြင် ဆင် ထား သောမိုင်းနေရာရောက်ချိန် စစ်ကြောင်းက ထပ်မံ နားချိန် ထပ်မံ၍ မိုင်း၈လုံးတွဲ ဖောက်ခွဲရာ စစ်သား ၂၀ဦး ထက်မနည်းသေဆုံးပြီး အများအပြား ဒဏ်ရာရရှိသွားကြောင်း၊ လူနာတင်ယာဥ်များဖြင့် သယ်ဆောင် သွားသည်ဟု မြေပြင်သတင်းပေးပို့ချက်အရ သိရှိရကြောင်း ပြည်သူ့ ကာကွယ် ရေးတပ်ဖွဲ့ (L.D.F KALAY ) က သတင်းထုတ်ပြန်ထားသည်။
အလားတူ ဇွန်လ ၂၀ ရက်နေ့ မွန်းလွဲ ၃ နာရီအချိန် စစ်ကိုင်းတိုင်း၊ အင်းတော် မြို့ နယ်မှ မြို့နယ်ရာထူး အချခံရပြီး မဲဇာစခန်းမှူး မောင်မောင်လှတင့် အပါ အဝင် ရဲ ၂ ဦးလိုက်ပါသော ကားသည် အင်းတော်နှင့်မဲဇာအကြားတွင် မိုင်းဆွဲ ခံရပြီး စခန်းမှူး မောင်မောင်လှတင့်မှာ မျက်နှာ ပျက်စီးသွားကြောင်း၊ ကျန်ရဲမှာ လည်း ဒဏ်ရာ အပြင်းအထန်ရရှိကြောင်း ၊ အင်းတော်ရဲစခန်း တွင် ကုသမှု ခံယူနေရကြောင်း အင်းတော် IR Team က သတင်းထုတ်ပြန်ထားသည်။
ဓာတ်ပုံ- ယနေ့မုံရွာမှ မန္တလေးဘက်သို့ ဆင်းသွားသည့် စစ်ကားတန်းများ။