28.3 C
Yangon

ဆီမီးခုံမြို့တွင် မင်္ဂလာဆောင်သွားသည့် စစ်တပ်ကို လမ်းမှ ကြားဖြတ် ပစ်ခတ် တိုက်ခိုက်မှု စစ်သား ၁ ဦးသေဆုံး

Must read

ရန်ကုန်၊ ဩဂုတ် ၁၁

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ဆီမီးခုံမြို့တွင် မင်္ဂလာဆောင်သွားသည့် စစ်သားများကို ပစ်ခတ် တိုက်ခိုက်ရာ စစ်သား ၁ ဦးသေဆုံးခဲ့ကြောင်း မြင်းခြံမြောက်ပိုင်းသားပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌနာထံသို့ ပြောဆိုသည်။

ဩဂုတ်လ ၁၀ ရက်နေ့ နံနက် ၇ နာရီခန့်တွင် ဆုံရွာတွင် ပြုလုပ်သည့် မင်္ဂလာဆောင်သို့ ဆိုင်ကယ် ၅ စီးဖြင့် သွားရောက်သော စစ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက ဆီမီးခုံမြို့ စာသင်ကျောင်းရှေ့ရှိ ရွှေတောင်ဦးဘုရား လမ်းဆုံတွင် စောင့်ကြို တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ယင်း တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်သား ၁ ဦး သေဆုံးပြီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် စစ်ကူ စစ်ကြောင်းများ ရရှိလာပြီး သေဆုံးသွားသော စစ်သား အလောင်းနှင့် ဒဏ်ရာရရှိသူများကို ဆီမီးခုံမြို့ ဆေးရုံသို့ သယ်ဆောင်သွားကြောင်း သိရှိရသည်။

” စစ်ခွေးတွေက ဆိုင်ကယ် ၅ စီးနဲ့ မြို့ပေါ်ကနေ ဆုံရွာဘက်ကို ထွက်လာတာကို ဆီမီးခုံမြို့ စာသင်ကျောင်းရှေ့ဘက်မှာရှိတဲ့ ရွှေတောင်ဦးဘုရား လမ်းဆုံမှာ PDF ပူးပေါင်းတပ်တွေက စောင့်ကြို တိုက်ခိုက်တာလို့ သိရတယ်။ ပစ်ခတ်မှု အတွင်းမှာ စစ်ခွေး ၁ ကောင်သေပြီး ၂ ကောင် ဒဏ်ရာရတယ်” ဟု ဆီမီးခုံသတင်းအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

ထို ပစ်ခတ်မှု အတွင်း သေဆုံးသွားသော အကြမ်းဖက် စစ်သားကို ယနေ့ ဩဂုတ်လ ၁၁ ရက်နေ့တွင် ဆီမီးခုံမြို့ ဆေးရုံအနီးတွင် သဂြိုလ်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့အကျိုးပြုတပ်ပေါင်းစု ၊ မြင်းခြံမြောက်ပိုင်းသား‌ပြောက်ကျားတပ်ဖွဲ့ (MNGF) ၊ SMK GROUP ၊ MyinGyan Danger Dynamite နှင့် မြောင် မြို့နယ် ပြန်ကြားရေးတာဝန်ခံအဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ပြီး တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ – ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တချို့။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တချို့။
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article