26.2 C
Yangon

ရေနံချောင်းမြို့တွင် စစ်တပ်က လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးပြီး ၁ ဦးလျှင် ငွေကျပ် သိန်း ၅၀၀ ဖြင့် ပြန်ရွေးခိုင်း၊ ငွေကြေး မပေးနိုင်သူများကို စစ်တပ်သင်တန်းကျောင်းပို့ဆောင်

Must read

ရန်ကုန်၊ ဩဂုတ် ၁၁

မကွေးတိုင်း၊ ရေနံချောင်းမြို့တွင် အကြမ်းဖက် စစ်တပ်က လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးပြီး ၁ ဦးလျှင် ငွေကျပ် သိန်း ၅၀၀ ဖြင့် ပြန်ရွေးခိုင်းကာ ငွေကြေး မပေးနိုင်သူများကို စစ်တပ်သင်တန်းကျောင်းပို့ဆောင်ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဩဂုတ်လ ၁၁ ရက်နေ့တွင် ရေနံချောင်းမြို့ စစ်မှုဇုန်တွင် အလုပ်လုပ်ကိုင်နေသော ကိုချစ်နှင့် သုံးဆယ်ခြောက်ရွာသား ကိုလွင်မိုးကို စစ်သားများက ပေါ်တာဆွဲ ဖမ်းဆီးခဲ့ပြီး ငွေကျပ် သိန်း ၅၀၀ တောင်းခံခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်သားများ တောင်းခံသော ငွေကြေး ပေးနိုင်ခြင်းမရှိသောကြောင့် ၎င်းတို့ ၂ ဦးကို မကွေးမြို့ဘက်သို့ ပို့ဆောင်ကာ စစ်သင်တန်းကျောင်းတွင် ဆေးစစ်မှုများ လုပ်ဆောင်နေကြောင်း သိရှိရသည်။

“ရေနံချောင်းမြို့မှာ နေတိုင်းပေါ်တာဆွဲနေပါတယ်။ ဒီနေ့ဆို ရေနံချောင်း စက်မှုဇုံမှာ အလုပ်လုပ်နေတဲ့ ကိုချစ်နဲ့ သုံးဆယ်ခြောက်ရွာသား ကိုလွင်မိုး တို့ကို စစ်ခွေးတွေက ပေါ်တာဆွဲ ဖမ်းဆီးပြီး သိန်း ၅၀၀ တောင်းတာ မပေးနိုင်လို့ဆိုပြီး မကွေးမြို့က စစ်သင်တန်းကျောင်းကို တမ်းပို့လိုက်တယ်လို့သိရတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

အလားတူ စက်မှုဇုံလုပ်ငန်း ပိုင်ရှင် ၁ ဦး၏ သားဖြစ်သူကိုလည်း အကြမ်းဖက် စစ်တပ်က ဩဂုတ်လ ၉ ရက်နေ့တွင် ပေါ်တာဆွဲ ဖမ်းဆီးခဲ့ပြီး ငွေကျပ် သိန်း ၅၀၀ ဖြင့် ပြန်လည် ရွေးထုတ်ခဲ့ရကြောင်း သိရသည်။

ဓာတ်ပုံ – ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းစ ညအချိန် ရပ်ကွက်များအတွင်း စစ်တပ်က ပြည်သူများကို ရှာဖွေဖမ်းဆီးခဲ့စဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article