29 C
Yangon

ဆားလင်းကြီး၊ မိုးကြိုးပြင် (မြောက်)ရွာကို စစ်တပ်က မီးရှို့နေပြီး ပြည်သူ ၂ ဦး ဖမ်းဆီးထား၊ ဝက်လက်မြို့ မင်္ဂလာရေစဥ်ရွာကိုလည်း စစ်တပ်က ဖျက်ဆီးနေ

Must read

ရန်ကုန်၊ ဇွန် ၂၁

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် မိုးကြိုးပြင် (မြောက်)ရွာကို အကြမ်းဖက် စစ်တပ်က ယနေ့ ဇွန်လ ၂၁ ရက်နေ့ နံနက် ၁၁ နာရီ ၃၀ မိနစ်တွင် ဝင်ရောက် စီးနင်းမီးရှို့နေပြီး ရွာလုံးကျွတ် ထွက်ပြေးနေရကြောင်း ဒေသခံ ပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဝမ်ပေါင် ကုမ္ပဏီတွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ယနေ့ နံနက် ၈ နာရီခန့်တွင် ဖောင်းကား(တောင်)ရွာမှ ပြည်သူ ၂ ဦးကို ဖမ်းဆီး ကာ မိုးကြိုးပြင် (မြောက်)ရွာကို ရောက်ရှိလာပြီး ပြည်သူပိုင်နေအိမ်များကို မီးရှို့ ဖျက်ဆီး နေခြင်းဖြစ်ကြောင်း သိရသည်။

” ဒီနေ့ နံနက် ၈ နာရီကစပြီး ဝမ်ပေါင်မှာ တပ်စွဲထားတဲ့ စစ်တပ်က အင်အား အများအပြားနဲ့ ဖောင်းကား(တောင်) ရွာက ရွာသား၂ယောက်ကို ဖမ်းဆီးပြီး မိုးကြိုး ပြင် (မြောက်)ရွာကို လမ်းပြအဖြစ် ခေါ်ဆောင်သွားတယ်။ မိုးကြိုးပြင် (မြောက်)ရွာကို ဝင်မွှေပြီးတော့ ပြည်သူပိုင် နေအိမ်တွေကို မီးရှို့ဖျက်ဆီး နေတယ်။ နံနက် ၁၁ နာရီ ၃၀ မိနစ်လောက်က စပြီး ရွာထဲက အခြေအနေနဲ့ ပျက်စီးဆုံးရှုံးမှု အခြေအနေကိုတော့ အသေးစိတ်တော့ မသိရသေးဘူး” ဟု ဒေသခံ ပြည်သူတစ်ဦးကပြောဆိုသည်။

လက်ရှိချိန်တွင် ဒေသခံပြည်သူများသည် ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်း ရှောင် နေရပြီး အနီးအနား ဝန်းကျင်ရှိ ပြည်သူများပါ ထွက်ပြေး တိမ်းရှောင် နေရကာ အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ် မှုများ ပါ လုပ်ဆောင်နေကြောင်း ဒေသခံများက ပြောဆိုသည်။

အလားတူ စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် မင်္ဂလာရေစဥ်ရွာကို အကြမ်းဖက် စစ်တပ်က ယနေ့ ဇွန်လ ၂၁ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် ဝင်ရောက် စီးနင်း ပြီး ပြည်သူပိုင် နေအိမ်များကို ဖျက်ဆီးနေကြောင်း ဒေသခံပြည်သူ များ က ရန်ကုန်ခေတ်သစ် မီဒီယာသို့ပြောဆိုသည်။

အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် မင်္ဂလာရေစဥ်ရွာကို အရပ်ဝတ်ဖြင့် ရှေ့ပြေး ၄ ဦး၊ စစ်သား ၃၀ ဦးပါ စစ်ကြောင်းနှင့် စစ်သား ၄၀ ဦးပါ စစ်ကြောင်း များခွဲကာ ဝင်ရောက် စီးနင်း ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

” ဒီနေ့ မွန်းလွဲ ၁နာရီလောက်က မင်္ဂလာရေစဥ်ရွာကို ရှေ့ပြေး အရပ်ဝတ်နဲ့ ၄ယောက် နောက်က စစ်သား၃၀ယောက်လောက် နောက်ထပ် ၄၀ယောက် စုစုပေါင်း အင်းအား၇၀လောက်နဲ့ မဂ်လာရေစဥ်ရွာကို ဝင်ရောက်ပြီး အိမ်တွေကို ရိုက်ချိုးဖျက်ဆီးနေတယ်။ အခုလောလောဆယ် ရွာထဲမှာ တစ်ဖွဲ့ ဘုန်းကြီးကျောင်းမှာ တစ်ဖွဲ့နဲ့ ၂ဖွဲ့ခွဲပြီး တပ်ဆွဲထားပါတယ်” ဟု ဒေသခံ ပြည်သူ တစ်ဦးကပြောဆိုသည်။

Photo – အကြမ်းဖက် စစ်တပ် မီးရှို့ဖျက်ဆီးနေသော မိုးကြိုးပြင် (မြောက်)ရွာ ကို အဝေးမှ တွေ့မြင်ရစဥ်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article