29.2 C
Yangon

ဝက်လက်မြို့နယ်ရှိ စစ်ဘေးရှောင်စခန်းနှင့် ရွှေညောင်တော်ဘုရားကုန်းကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ် ၂ စီးဖြင့် ၉ ကြိမ် ဗုံးကျဲ တိုက်ခိုက်၍ ပြည်သူများ ထွက်ပြေး နေရ

Must read

ရန်ကုန်၊ ဩဂုတ် ၁၃

မန္တလေးတိုင်း၊ ဝက်လက်မြို့နယ်ရှိ စစ်ဘေးရှောင်စခန်းနှင့် ရွှေညောင်တော်ဘုရားကုန်းကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ် ၂ စီးဖြင့် ၉ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူများ ထွက်ပြေး နေရကြောင်း Wetlet Informational Network မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဩဂုတ်လ ၁၃ ရက်နေ့ မွန်းလွဲ ၁ နာရီ ၁၇ မိနစ်မှ ၄၉ မိနစ်ထိ အကြမ်းဖက် စစ်တပ်၏ တံတားဦးနှင့် မိတ္ထီလာ လေတပ်မှ တက်လာသော ဂျက်ဖိုက်တာ ၂ စီးက အမှတ် ၃ ခရိုင်ချင်းဆက် လမ်းဘေးရှိ စစ်ဘေးရှောင်စခန်းနှင့် ရွှေညောင်တော်ဘုရားကုန်း‌ပေါ်ကို ၉ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှု အတွင်း ပြည်သူများ ထိခိုက်မှုမရှိသော်လည်း လေယာဉ်ဖြင့် ထပ်မံ ဗုံးကျဲ တိုက်ခိုက်မည်ကို စိုးရိမ်သောကြောင့် ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။

“ဝက်လက်မြို့နယ် အရှေ့ခြမ်းက အမှတ်-၃ ခရိုင်ချင်းဆက်လမ်းဘေး စစ်ဘေးရှောင်စခန်းအနီးနဲ့ ရွှေညောင်တော်ဘုရားကုန်း‌ပေါ်ကို စစ်ခွေးတွေက ဂျက်ဖိုက်တာ ၂ စီးနဲ့ ပေါင် ၃၀၀ ဗုံသီးနဲ့ ပေါင် ၂၀၀ ဗုံးတွေနဲ့ ၉ ကြိမ် လေကြောင်း တိုက်ခိုက်သွားတယ်။ ပြည်သူတွေ ထိခိုက်တာတော့ မရှိဘူး။ လေကြောင်း တိုက်ခိုက်တာတွေ ထပ်လုပ်မှာ စိုးရိမ်လို့ ပြည်သူတွေကတော့ ထွက်ပြေးနေရတယ်” ဟု Wetlet Informational Network မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အလားတူ ဩဂုတ်လ ၁၁ ရက်နေ့ကလည်း စစ်ကိုင်းနှင့် ဝက်လက် မြို့နယ် အစပ်ရှိ တောင်း ရင်းရွာအနီး ယာဉ်ရပ်နားသည့် စား သောက်ဆိုင်ကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၁၆ ဦး သေဆုံးခဲ့ပြီး ပြည်သူ ၂၀ ဦးကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article