29 C
Yangon

လားရှိုးလေယာဉ်ကွင်းလမ်းတွင် ကင်းလှည့်နေသော စစ်သား ၁ ဦးနှင့် နယ် ထိန်းရဲ ၁ ဦး ပစ်သတ်ခံရ

Must read

ရန်ကုန်၊ ဇွန် ၂၁

ရှမ်းပြည်နယ်၊ လားရှိုးမြို့၊ လေယာဉ်ကွင်းလမ်းတွင် ကင်းလှည့်နေသော စစ် သား ၁ ဦးနှင့် နယ်ထိန်းရဲ ၁ ဦး ပစ်သတ်ခံလိုက်ရကြောင်း ရဲတပ်ဖွဲ့ သတင်း ရင်း မြစ်က ပြောသည်။

ဇွန်လ ၂၀ ရက်နေ့ ည ၁၂ နာရီအချိန် အမှတ် ၂ ရဲစခန်းမှ ကင်းလှည့်ကား တစ် စီး ကို ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားခြင်းဖြစ်ပြီး လားရှိုး လေယာဉ် ကွင်း လမ်း တွင် ဖြတ်တိုက်ခြင်းဖြစ်ကြောင်း၊ နယ်ထိန်းရဲ ၁ ဦးနှင့် စစ်သား ၁ ဦး သေ ဆုံး ကြောင်း သိရှိရသည်။

“လားရှိုးမြို့မှာ ဇွန်လ ၂၀ ရက်နေ့ ည ၁၂ နာရီ အမှတ် ၂ ရဲစခန်း ကင်းလှည့် သွား တဲ့ ရဲကင်းကားတစ်စီးကို တပ်သား တစ်ယောက်နဲ့ နယ်ထိန်းတစ်ယောက် လားရှိုးမြို့ လေယာဉ်ကွင်းလမ်းမှာ ပစ်သတ်ခံလိုက်ရတယ်။ နှစ်ယောက်လုံး ပွဲချင်းပြီး သေဆုံးသွားပါတယ်။ ရင်ခွဲရုံက စစ်ဆေးနေပါတယ်။ ဘယ်အဖွဲ့က ပစ် သတ်တယ်ဆိုတာ မသိသေးဘူး။ နယ်ထိန်းကတော့ ၃ ချက်ထိတယ် ပွဲချင်း ပြီး။ ၁ ချက်တည်းထိတဲ့စစ်သားကတော့ ဆေးရုံရောက်မှ သေဆုံးတယ်။ အခု ထက် ထိ သဂြိုလ်ခွင့်မပေးသေးပါဘူး” ဟု ရဲသတင်းရင်းမြစ်က ရန်ကုန် ခေတ် သစ် သတင်းဌာနထံသို့ အတည်ပြု ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article