34 C
Yangon

တရုတ်ဝမ်ပေါင်ကြေးနီစီမံကိန်းကို ၆၀ မမ၊ ၁၂၀ မမ တို့ဖြင့် CDF နှင့် SRA မဟာမိတ်အဖွဲ့က တိုက်ခိုက်၊ စစ်တပ်က ဝမ်ပေါင်အနီးရှိ မိုးကြိုးပြင်မြောက်ကျေးရွာကို မီးတင်ရှို့

Must read

ရန်ကုန်၊ ဇွန် ၂၁

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်တွင် တရုတ်ဝမ်ပေါင် ကြေးနီစီမံကိန်းကို PDF ပူးပေါင်းတပ်များဖြစ်ကြသည့် CDF နှင့် SRA မဟာမိတ်တပ်များက ၆၀ မမ ၊ ၁၂၀ မမများဖြင့် ပစ်ခတ်တိုက်ခိုက်ကြောင်း ဆားလင်းကြီးတော်လှန်ရေးတပ်ဖွဲ့ SRA က သတင်းထုတ်ပြန်သည်။

ယနေ့ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်အတွင်းရှိ ဝမ်ပေါင် စက်ရုံကို CDF နှင့် SRA မဟာမိတ် အဖွဲ့ ပူးပေါင်း၍ ၆၀ မမ ၊ ၁၂၀ မမ များအပြင် လက်နက်ကြီး လက်နက်ငယ်များနှင့်ပါ ပူးတွဲ ပစ်ခတ်ခဲ့ကြကြောင်း၊ နှစ်ဖက် အပြင်း အထန်တိုက်ပွဲဖြစ်ခဲ့သော်လည်း တစ်စုံတစ်ရာထိခိုက်ဆုံးရှုံးမှု မရှိကြောင်း ထုတ်ပြန်သည်။

အကြမ်းဖက်စစ်တပ်က တရုတ်ဝမ်ပေါင်ကြေးနီစီမံကိန်းအနီးရှိ မိုးကြိုးပြင်မြောက်ကျေးရွာကို အင်အား ၇၀ ခန့်ဖြင့် ယနေ့ ဝင်ရောက်စီးနင်းပြီး မီးရှို့ဖျက်ဆီးကြောင်း၊ ဖမ်းဆီးခံရသူများရှိပြီး ပြည်သူအများစုမှာ ရွာလုံးကျွတ် ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article