33.1 C
Yangon

ချောင်းဦးနှင့် မြင်းမူအကြား စစ်ကား ၁၀၅ စီးပါ ယာဥ်တန်း မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်ခံရပြီး စစ်သား ၂၆ ဦးသေဆုံး၊ မုံရွာ-မန္တလေး လမ်းပိုင်းတွင်လည်း စစ်ယာဥ်တန်းမိုင်းဆွဲခံရပြီး အများအပြားသေဆုံးနိုင်

Must read

ရန်ကုန်၊ ဇွန် ၂၁

စစ်ကိုင်းတိုင်း ချောင်းဦးနှင့် မြင်းမူမြို့နယ်ကြားရှိ နတ်ရေကန်နားတွင် စစ်ကား ၁၀၅ စီးပါ ယာဥ်တန်းကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက ယနေ့ ဇွန်လ ၂၁ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်တွင် ပစ်ခတ် မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၂၆ ဦးသေဆုံးခဲ့ကြောင်း Bo Nay Toe Special Guerrilla Forces တပ်ဖွဲ့ထံမှ သိရသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် ယာဥ်တန်းကို မြောင်မြို့နယ် ဗိုလ်နေတိုး နှင့် မဟာမိတ် တပ်ဖွဲ့များက လက်လုပ် လက်နက်ကြီးများ မိုင်းများဖြင့် ဖောက်ခွဲ တိုက်ခိုက် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

” စစ်ကား ၁၀၅ စီးကို ကျွန်တော်တို့ နတ်ရေကန်နားမှာ တိုက်ခိုက်တာပေါ့။ တိုက်ခိုက်တဲ့နေရာမှာ Mytel ပြောင်း ၃ လုံးနဲ့ အရင်ပစ်တယ်။ မိုင်း ၃ လုံး ထပ်ခွဲတယ်။ Mytel ပြောင်း ၃ လုံးနဲ့ အရင်ပစ်တဲ့ နေရာမှာ အရင်ဆုံး ထွက် လာတဲ့ ရှေ့ပြေးကားပေါ့။ ရှေ့ပြေးကား ၃ စီးရှိတဲ့နေရာမှာ ၂ စီးကို ကောင်း ကောင်း ထိမှန်သွားတယ်။ နောက်ထပ် တက်လာတဲ့အချိန်မှာ နောက်ထပ် ကားကို မိုင်းထက် ခွဲလိုက်တော့ ကား ၃ စီးကို ထပ်ပြီးတော့ ထိမှန်တယ်။ ခွေးသေစာရင်းကတော့ စုစုပေါင်း ၂၆ ကောင်လောက်ရှိမယ်။ ဒဏ်ရာရတာ ၁၅ ကောင်လောက်ရှိမယ်” ဟု Bo Nay Toe Special Guerrilla Forces တပ်ဖွဲ့ ထံမှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်နေတိုးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြော ဆိုသည်။

မုံရွာ-မန္တလေး လမ်းပိုင်းတွင် မုံရွာမှ ထွက်ခွာလာသော စစ်ကား ၅၇ စီးပါ ယာဥ်တန်းကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက မြေနဲအနီးနှင့် ခင်မွန်-ချောင်းဦး အကြားတွင် ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက ဇွန်လ ၂၁ ရက်နေ့ မွန်းလွဲပိုင်းတွင် မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၂၀ ဦးထက်မနည်း သေဆုံး ခဲ့ကြောင်း PDF – South Monywa တပ်ဖွဲ့ထံမှ သိရသည်။

မြေနဲ အနီးတွင် စစ်တပ် ယာဥ်တန်းကို ဒေသခံကာကွယ်ရေး တပ်ဖွဲ့က ဗုံး ၂ လုံးဆင့် ၃ လုံးဖြင့် တပြိုင်တည်း ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၂ ဦး သေ ဆုံးခဲ့ကာ စစ်ကားများဖြင့် ရုပ်အလောင်းများ ထိခိုက် ဒဏ်ရာရသူများကို တင်ဆောင်သွားကြောင်း သိရသည်။

ခင်မွန်-ချောင်းဦးကြားတွင် ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ CHU PDF နှင့် PDF – South Monywa တပ်ဖွဲ့က ဗုံး ၅ လုံး၊ ပဒေသာမိုင်း ၄ လုံးနှင့် ဗုံးအကြီး ၁ လုံးတို့ဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး ၄ စီးမြောက်၊ ၁၂ စီး မြောက်နှင့် ၁၃ စီးမြောက် ယာဥ်တို့ မိုင်းထိမှန်ခဲ့ပြီး စစ်သား ၃၀ ထက်မနည်း ထိခိုက်သေဆုံးနိုင်ကြောင်း သိရသည်။

ဓာတ်ပုံ- အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ။ (ပုံအဟောင်းဖြစ်သည်)

Photo- AFP

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article