24.3 C
Yangon

ငဖဲမြို့နယ်၊ စွန်းတက်ကျေးရွာအနီး တိုက်ပွဲတွင် စစ်တပ်ဘက်မှ အလောင်း ၂၀ ခန့်နှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ၊ AA က မြို့သိမ်းတိုက်ပွဲများ ဆက်ဆင်နွှဲနေပြီး ရခိုင်ပြည်နှင့်အစပ် မကွေး၊ ဧရာ၀တီနှင့်ပဲခူးတို့တွင် တိုက်ပွဲများ ဆက်ဖြစ်

Must read

ရန်ကုန်၊ ဩဂုတ် ၁၆

မကွေးတိုင်း၊ ငဖဲမြို့နယ်၊ စွန်းတက်ကျေးရွာအနီး တိုက်ပွဲတွင် စစ်တပ်ဘက်မှ အလောင်း ၂၀ ခန့်နှင့် လက်နက်ခဲယမ်းများ သိမ်း ဆည်းရရှိကြောင်း အာရက္ခတပ်တော် AA က ယမန်နေ့ ညပိုင်း သတင်းထုတ်ပြန်သည်။

ဩဂုတ်လ ၁၄ ရက်နေ့ မွန်းလွဲ ၂ နာရီ ၅၄ မိနစ်အချိန် မကွေးတိုင်း၊ ငဖဲမြို့နယ်၊ စွန်တက်ကျေးရွာ၏ မြောက်ဘက် မီတာ ၃၀၀၀ ကျော်အကွာတွင် အာရက္ခတပ်တော် တပ်ဖွဲ့များရှိရာသို့ ထိုးစစ်ဆင်လာသော အကြမ်းဖက်စစ်တပ်၏ တပ်မ ၉၉ လက်အောက်ခံတပ်များကို တိုက်ခိုက်ခဲ့ကြောင်း၊ မိနစ် ၃၀ ခန့်ကြာတိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီ၏ အလောင်း ၂၀ ခန့်နှင့်အတူ စစ်အသုံးအဆောင်ပစ္စည်း၊ လက်နက်ခဲယမ်းအချို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။

AA အနေဖြင့် မျှော်မှန်းထားသော စစ်ရေးရည်မှန်းချက်များ အလုံးစုံ အထမြောက်စေရန်အတွက် အကြမ်းဖက်စစ်တပ်နှင့်ရင်ဆိုင်ထားသောနေရာများတွင် ရပ်တန့်ခြင်း မရှိသေးသည့် တိုက်ပွဲများနှင့်အတူ အပြီးသတ်မြိုသိမ်းတိုက်ပွဲများအဖြစ် ကျန်ရှိနေသေးသော နေရာများတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျက် ရှိနေကြောင်း သိရှိရသည်။

ရက္ခိုင်ရိုးမတောင်တန်းတစ်လျှောက် အကြမ်းဖက်စစ်တပ်၏ ထိုးစစ်များကို AA က ခုခံဆင်နွှဲ လျက်ရှိကြောင်း၊ ရက္ခိုင်-မကွေးတိုင်းအစပ်၊ ရက္ခိုင်-ပဲခူးတိုင်းအစပ်၊ ရက္ခိုင်- ဧရာဝတီတိုင်း အစပ်များနှင့် အာရက္ခတပ်တော် လှုပ်ရှားအခြေပြုရာ အခြားသောနေရာများတွင် တိုက်ပွဲများမှာ တစ်နှစ် နှင့် ကိုးလကျော်ကြာသည့်တိုင် ရပ်တန့်ခြင်းမရှိသေးဘဲ ယနေ့အထိ ဆက်လက်ဖြစ်ပွားလျက်ရှိကြောင်း သိရှိရသည်။

တိုက်ပွဲများအတွင်း ခုခံစစ်၊ ထိုးစစ်၊ လှုပ်ရှားစစ်၊ ရွေ့လျားစစ်များနှင့်အတူ ဟန်ချက်ညီ တိုက်ပွဲများမှတစ်ဆင့် AA ၏စစ်ရေးရည်မှန်းချက်များ အပြည့်အဝ အကောင်အထည်ဖော် တိုက်ပွဲများမှာ နေ့တိုင်း (သိုမဟုတ်) မကြာခဏ ဆက်လက်ရှိနေဆဲဖြစ်ကြောင်း သိရှိရသည်။

စစ်ရေး၊ နိုင်ငံရေး နှင့် နိုင်ငံတကာ စာမျက်နှာများတွင် အလူးအလဲ အထိနာနေသည့် စစ်ကောင်စီတပ်က ကစဉ့်ကလျား ဆုတ် ခွာထွက်ပြေးနေသော သူများကို အာရက္ခတပ်တော်က လိုက်လံချေမှုန်း တိုက်ခိုက်လျက်ရှိကြောင်း AA က သတင်းထုတ်ပြန်သည်။

(Facebook ၏ စည်းမျဉ်းစည်းကမ်းအရ ဓာတ်ပုံများကို ဖော်ပြရန် မဖြစ်နိုင်ပါသဖြင့် ရန်ကုန်ခေတ်သစ်၏ တယ်လီဂရမ်တွင် ဆင်ဆာဖြတ်တောက်ထားခြင်းမရှိသော ဓာတ်ပုံများကို သွားရောက်ကြည့်ရှု အားပေးနိုင်ပါသည်။)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article