ဒီကနေ့ ဩဂုတ် ၁၇ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
အကြမ်းဖက် စစ်တပ်က ကျူးလွန်ထားတဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေကို ဖုံးကွယ်ဖို့အတွက် AA ကို လူမျိုးတုန်း သတ်ဖြတ်မှုတွေ ကျူးလွန်နေတယ်ဆိုပြီး ချိန်ကိုက် စွပ်စွဲလာတာပါလို့ AA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက တုံ့ပြန်ပြောလိုက်ပါတယ်။
တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ကော့လှိုင်ကျေးရွာအနီးမှာ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက် စစ်တပ်နှင့် တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်က အရာရှိ ၃ ဦး အပါအဝင် ၁၇ ဦးသေဆုံးခဲ့တယ်လို့ Mon State Revolutionary Force – MSRF ရဲ့ ပြောရေးဆိုခွင့်ရှိသူက မိတလဉာဏ် ရန်ကုန်ခေတ်သစ်ကိုပြောပါတယ်။
ရခိုင်ပြည်၊ စစ်တွေမြို့က အပြစ်မဲ့အရပ်သားပြည်သူ အမျိုးသားတစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဩဂုတ်လ ၁၂ ရက်နေ့က ဖမ်းဆီးသတ်ဖြတ်လိုက်တဲ့ သတင်းအပါအဝင် နေ့လယ်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။
