အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်စစ်ကိုမြို့ မြို့တော်ခန်းမရှေ့တွင် ၁၆၁ ကြိမ်မြောက် မြေပြင်လူထုသပိတ်တိုက်ပွဲကို ဆင်နွှဲခဲ့ကြောင်း သိရှိရသည်။
ထိုဆန္ဒထုတ်ဖော်ပွဲကို Free Burma Action Committee Northern California က ဦးဆောင်၍ “အာဏာရှင်ထွက်ပေါက် တရားမဝင်ရွေးကောက်ပွဲကို အပြီးတိုင်ချေမှုန်းကြ၊ ဘုံရန်သူကို ထွက်ပေါက်မပေးကြနဲ့” ခေါင်းစဉ်ဖြင့် နွေဦးတော်လှန်ရေးအင်အားစုများ၊ ထောက်ပို့ပြည်သူများ စုပေါင်း၍ လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။


