26.8 C
Yangon

ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသကို ယနေ့ ဒုတိယအကြိမ် စစ်တပ်က​ လေယာဉ်ဖြင့် ဗုံးကျဲမှု ကလေးငယ် ၅ ဦး အပါအဝင် ပြည်သူ ၁၇ ဦးသေဆုံး

Must read

ရန်ကုန်၊ ဩဂုတ် ၁၇

ကရင်နီပြည်၊ ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသကို ယနေ့မွန်းလွဲပိုင်း ဒုတိယအကြိမ်အဖြစ် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲချခဲ့ရာ ကလေးငယ် ၅ ဦး အပါအဝင် ပြည်သူ ၁၇ ဦးသေဆုံးကြောင်း ကယ်ဆယ်ရေးတွင် ပါဝင်နေသူ ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဩဂုတ်လ ၁၇ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်အချိန် ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသ၊ ၁၆ ကုန်းသို့ စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲချခဲ့ရာ ကလေးငယ် ၅ ဦး အပါအဝင် ပြည်သူ ၁၇ ဦးသေဆုံးသွားကြောင်း၊ ဒဏ်ရာရရှိသူလည်း များပြားကြောင်း သိရှိရသည်။

” ၁၆ ကုန်းကို ဗုံးကျဲတာက ကလေးလေးတွေ ၅ ယောက်တောင်ပါတယ်လောလောဆယ်သိထားတာကမူကြိုကျောင်း နားကျတာတဲ့။ စုစုပေါင်း သေဆုံးသူကတော့ ၁၇ ဦးရှိပါတယ်။ ပျောက်ဆုံးသူတွေလည်းရှိပါတယ်” ဟု ဒေသသတင်းရင်းမြစ်က ပြောဆိုသည်။

ယနေ့ နံနက်ပိုင်းကလည်း ကရင်နီပြည်၊ ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသရှိ လိုခါးလိုဆေးရုံကို အကြမ်းဖက်စစ်ကောင်စီတပ်က ၂ ရက်ဆက်တိုက် လေကြောင်း ကင်းထောက်ပြီး ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ကလေး တစ်ဦးအပါအဝင် ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိကာ ဆေးရုံပျက်စီးသွားကြောင်း ဒေသနေပြည်သူများက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ ဩဂုတ်လ ၁၇ ရက် နံနက် ၈ နာရီ ၃၀ မိနစ်ခန့်က ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသရှိ လိုခါ လိုကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ကလေး တစ်ဦးနှင့် လူကြီးတစ်ဦး ထိခိုက်ဒဏ်ရာ မစိုးရိမ်ရ ရရှိခဲ့ပြီး ဆေးရုံမှာ လုံးဝပျက်စီးသွားကြောင်း သိရ သည်။

“လေယာဉ်နဲ့ နှစ်ရက်ဆက်တိုက် ပျံဝဲနေတာ။ အဲလိုဆိုတော့ ပြည်သူတွေက သတိနဲ့ နေနေကြတော့ အထိခိုက်အနည်သွားတာဖြစ်ပါတယ်။ ၂ ရက်ဆက်တိုက် ပျံဝဲပြီး ဒီနေ့မနက် ၈ နာရီခွဲလောက်ကမှ ကျဲသွားတာ၊ ကလေးတစ်ယောက်နဲ့ လူကြီးတစ်ယောက်ဒဏ်ရာရတယ်။ မစိုးရိမ်ရဘူး။ ဆေးရုံက တော့ တော်တော် ပျက်စီးသွားတယ်” ဟု ဒေသနေပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာန ထံသို့ ပြောကြားသည်။

ဓာတ်ပုံ- Nge Lay Facebook ။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article